ပရီးမီးယားလိဂ်ရဲ့ မတ်လအကောင်းဆုံးဆုတွေအတွက် ဆန်ခါတင်စာရင်း ထုတ်ပြန်

ပရီးမီးယားလိဂ်ရဲ့ မတ်လအကောင်းဆုံးဆုတွေအတွက် ဆန်ခါတင်စာရင်း ထုတ်ပြန်
Photo: Premier League
Photo: Premier League
Published 27 March 2026

ပရီးမီးယားလိဂ်အဖွဲ့ချုပ်က မတ်လအတွက် အကောင်းဆုံးဆုတွေ ချီးမြှင့်ဖို့ ဆန်ခါတင်စာရင်းကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်(၇)ဦးစာရင်းမှာ ဘရူနိုဖာနန်ဒက်စ်(မန်ယူ)၊ ဂျိိမ်းစ်ဂါနာ(အဲဗာတန်)၊ ဂစ်ဘ်စ်ဝှိုက်(နော်တင်ဟမ်)၊ ဂေါ်ဒွန်(နယူးကာဆယ်)၊ အီဝိုဘီ(ဖူလ်ဟမ်)၊ ဒေးဗစ်ရာယာ(အာဆင်နယ်)၊ ဝဲလ်ဘက်(ဘရိုက်တန်)တို့ ပါဝင်ခဲ့ပါတယ်။

အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်(၅)ဦးစာရင်းမှာ အာတေတာ(အာဆင်နယ်)၊ အက်ဒီဟောင်း(နယူးကာဆယ်)၊ ဟူဇလာ(ဘရိုက်တန်)၊ လီဘရစ်(ဆန်းဒါးလန်း)၊ ဒေးဗစ်မွိုက်စ်(အဲဗာတန်)တို့ ပါဝင်ခဲ့ပါတယ်။

အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းမှာ ဂစ်ဘ်စ်ဝှိုက်(နော်တင်ဟမ်)၊ အီဝိုဘီ(ဖူလ်ဟမ်)၊ အန်ဒါဆန်(နော်တင်ဟမ်)၊ အိုဆူလာ(နယူးကာဆယ်)၊ ဘာနာဒိိုဆေးလ်ဗား(မန်စီးတီး)၊ အန်ဒီယေး(အဲဗာတန်)၊ မက်ဂင်း(အက်စတွန်ဗီလာ)တို့ ပါဝင်ခဲ့ပါတယ်။

အကောင်းဆုံးကာကွယ်မှုဆုအတွက် ဆန်ခါတင်စာရင်းမှာ ဒေးဗစ်ရာယာ(အာဆင်နယ်)၊ ပစ်ဖို့ဒ်(အဲဗာတန်)၊ မာတီနက်ဇ်(အက်စတွန်ဗီလာ)၊ ရမ်းစ်ဒေးလ်(နယူးကာဆယ်)၊ အဲလ်ဘော့ဂ်(ဆန်းဒါးလန်း)၊ ဗစ်ကာရီယို(စပါး)တို့ ပါဝင်ခဲ့ပါတယ်။

ပရိသတ်တွေအနေနဲ့ ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်မှာ မတ်(၃၀)ရက်နောက်ဆုံးထားပြီး မဲပေးနိုင်ကြောင်း သိရပါတယ်။

 

Most Read

Most Recent