■ ကျောက်တံတားမြို့နယ်တွင် ဝန်ဆောင်ခ ငွေကျပ် ၁၅၀၀ တောင်းမိသည့် Grab ယာဥ်မောင်းအမျိုးသမီးအား ခရီးသည်တစ်ဦးမှ လက်သီးဖြင့်ထိုးမှုဖြစ်ပွား

■ ကျောက်တံတားမြို့နယ်တွင် ဝန်ဆောင်ခ ငွေကျပ် ၁၅၀၀ တောင်းမိသည့် Grab ယာဥ်မောင်းအမျိုးသမီးအား ခရီးသည်တစ်ဦးမှ လက်သီးဖြင့်ထိုးမှုဖြစ်ပွား
Published 25 March 2026

ကျောက်တံတားမြို့နယ်တွင် ဝန်ဆောင်ခ ငွေကျပ် ၁၅၀၀ တောင်းမိသည့် Grab ယာဥ်မောင်းအမျိုးသမီးအား ခရီးသည်တစ်ဦးမှ လက်သီးဖြင့်ထိုးမှု မတ် ၂၄ ရက်၊ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မတ် ၂၄ ရက်၊ ည ၁၁ နာရီခန့်တွင် ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်း(အထက်)တွင် ယာဥ်မောင်းအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း သတင်းရသဖြင့် ပရဟိတအဖွဲ့မှ သွားရောက်ခဲ့ကြောင်း သိရသည်။

"Grab ယာဥ်မောင်း အမျိုးသမီးကို လိုက်ပါစီးနင်းတဲ့ Passenger အမျိုးသားက လက်သီးနဲ့ ထိုးလို့ သွားရောက်ပြီး ကယ်ဆယ်ရေးသွားလုပ်တာပါ။သိရတာကတော့ Grab Pin မှားထောက်ရာကနေ စဖြစ်တာပါ။Pin မှားထောက်လို့ Grab က အမျိုးသမီးယာဥ်မောင်းက ဝန်ဆောင်ခ ၁၅၀၀ တောင်းရာကနေ ဖြစ်တာလို့ သိရပါတယ်။ယာဥ်မောင်းအမျိုးသမီးက မျက်မှန်ကွဲပြီး မျက်လုံးနားမှာ ထိခိုက်ဒဏ်ရာ ရရှိိသွားပါတယ်။ထိုးတဲ့သူကလည်း မျက်မှန်နဲ့ ထိမိလို့ လက်မှာဒဏ်ရာရသွားပါတယ်။သက်ဆိုင်ရာကို ခေါ်ယူပေးခဲ့ပါတယ်"ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Grab အငှားယာဥ်အား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ငှားရမ်းစီးခြင်းဖြစ်ပြီး လက်သီးဖြင့် ထိုးသူအမျိုးသားမှာ အသက်နှစ်ဆယ်ဝန်းကျင်ရှိိပြီဖြစ်ကာ အထိုးခံရသည့် Grab အမျိုးသမီးယာဥ်မောင်းမှာ အသက် လေးဆယ်အရွယ် ရှိိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်နှင့် ပတ်သတ်၍ သက်ဆိုင်ရာမှ ဆက်လက်စစ်ဆေးလျှက်ရှိိကြောင်း သိရသည်။

Most Read

Most Recent