ရန်ကုန်မြို့ပတ်လမ်းပိုင်း၌ ဘက်ထရီလျှပ်စစ်စက်ခေါင်းအသုံးပြုပြီး မြို့ပတ် ရထားများ စတင်ပြေးဆွဲ

ရန်ကုန်မြို့ပတ်လမ်းပိုင်း၌ ဘက်ထရီလျှပ်စစ်စက်ခေါင်းအသုံးပြုပြီး မြို့ပတ် ရထားများ စတင်ပြေးဆွဲ
Published 25 March 2026

ရန်ကုန်မြို့ပတ်လမ်းပိုင်း၌ ဘက်ထရီလျှပ်စစ်စက်ခေါင်း(Battery Electric Locomotive-BEL)များဖြင့် ရန်ကုန် မြို့ပတ်ရထားများတွင် စတင်ပြေးဆွဲခြင်း အခမ်းအနားကို မတ်၂၅ ရက်နံနက် ၇ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်ဘူတာကြီး အမှတ်(၁)စင်္ကြံ ၌ ကျင်းပပြုလုပ်သည်။

ယနေ့မှစတင်၍ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ဘက်ထရီလျှပ်စစ်ရထား စက်ခေါင်း (၁) ခေါင်းကို လူစီးတွဲ (၄) တွဲ နှင့် ဘရိတ်တွဲ (၁)တွဲ ချိတ်ဆက်အသုံး ပြု၍ ရန်ကုန်- တိုးကြောင်ကလေး၊ ရန်ကုန်-အင်းစိန်နှင့် ရန်ကုန်မြို့ပတ်ရထားခရီးစဉ်များကို ပြေးဆွဲပေးမည် ဖြစ်သည်။

ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင် ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် အစားထိုးပြေးဆွဲခြင်းကြောင့် တစ်ရက်အတွက် ဘဏ္ဍာငွေ ၆ သိန်းကျော် ခြိုးခြံချွေတာနိုင်သဖြင့် တစ်လအတွက် ကျပ်ငွေ ၁၈ သန်း ကျော် ကုန်ကျစရိတ် သက်သာနိုင်မည်ဖြစ်သည့်အပြင် တစ်ရက်လျှင် ဒီဇယ်ဆီ ၆၆ ဂါလံနှုန်းဖြင့် တစ်လအတွက် ဒီဇယ်ဆီ ၁၉၈၀ ဂါလံ လျှော့ချသုံးစွဲနိုင်မည်ဖြစ်သည်။

မြန်မာ့မီးရထားက လက်ရှိမြင်းကောင်ရေ (၁၃၀၀)အား ဒီဇယ်လျှပ်စစ်စက်ခေါင်း(၆)ခေါင်းကို မြင်းကောင်ရေ(၁၆၀၀)အား ဘက်ထရီလျှပ်စစ်စက်ခေါင်းအဖြစ် ပြောင်းလဲတည်ဆောက်ခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးမည်ဖြစ်ပြီး အလားတူယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင်လည်း ဘက်ထရီလျှပ်စစ်စက်ခေါင်း (၆)ခေါင်း စုစုပေါင်း (၁၂)ခေါင်းကို ထုတ်လုပ်သွားမည်ဖြစ်သည်။

အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အရာထမ်း/အမှုထမ်းများတက်ရောက်ခဲ့ကြသည်။

Most Read

Most Recent