တွမ်မီနေးကို စာချုပ်သစ်အတွက် ကမ်းလှမ်းရာမှာ အသင်းခေါင်းဆောင်ရာထူး ပါဝင်မယ်

တွမ်မီနေးကို စာချုပ်သစ်အတွက် ကမ်းလှမ်းရာမှာ အသင်းခေါင်းဆောင်ရာထူး ပါဝင်မယ်
Photo: X
Photo: X
Published 23 March 2026

နာပိုလီအသင်းဟာ စကော့တလန်ကွင်းလယ်ကစားသမား တွမ်မီနေးကို သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်နေပြီး စာချုပ်သစ်အတွက် ကမ်းလှမ်းရာမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးမယ်ဆိုတဲ့အချက် ပါဝင်မယ်လို့ သိရပါတယ်။

နာပိုလီအသင်းဟာ လူငယ်ကစားသမားဘဝကတည်းက မန်ယူအသင်းမှာ ကစားခဲ့တဲ့ တွမ်မီနေးကို ၂၀၂၄ နွေရာသီမှာ ပေါင်(၂၅.၇)သန်းနဲ့ခေါ်ယူပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာပါ။

တွမ်မီနေး(၂၈ နှစ်)ဟာ နာပိုလီအသင်းမှာ ခြေစွမ်းပြနိုင်ပြီး ပထမဆုံးရာသီမှာပဲ စီးရီးအေအကောင်းဆုံးကစားသမားဆု ရရှိခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာ ပြန်လည်ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေကြောင်း သတင်းထွက်နေပါတယ်။

အသင်းဟောင်း မန်ယူအပါအဝင် ပရီးမီးယားလိဂ်ထိပ်သီးအသင်းတချို့ကလည်း တွမ်မီနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းထွက်လာတာကြောင့် နာပိုလီအသင်းက သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်ခြင်းဖြစ်ပြီး အသင်းခေါင်းဆောင်ရာထူး ပေးအပ်သွားဖို့ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။

နာပိုလီအသင်းရဲ့ လက်ရှိအသင်းခေါင်းဆောင်က အီတလီနောက်ခံလူ ဒီလော်ရန်ဇိုဖြစ်ပြီး လာမယ့် သြဂုတ်လမှာ အသက်(၃၃)နှစ်ပြည့်တော့မှာပါ။

Most Read

Most Recent