ဟာသသရုပ်ဆောင် လူရွှင်တော်‌ ဦးနေကျော် ကွယ်လွန်

ဟာသသရုပ်ဆောင် လူရွှင်တော်‌ ဦးနေကျော် ကွယ်လွန်
Published 19 March 2026

ဟာသသရုပ်ဆောင် လူရွှင်တော်‌ ဦးနေကျော် ယနေ့ (မတ် ၁၉ ရက်) ညနေ ၃ နာရီတွင် ကွယ်လွန်သွားကြောင်း သိရသည်။

"ဦနေကျော်အတွက် လှူဒါန်းထားတာတွေကို သူ့ရဲ့နာရေးမှာသုံးလိုက်ပါမယ်ခင်ဗျာ။

ကောင်းရာသုဂတိလားပါစေ၊ အကိုဆရာအကောင်းဆုံးလုပ်ခဲ့ပေမဲ့ အကောင်းဆုံးမဖြစ်ခဲ့တာကို ခွင့်လွတ်ပါအကို" ဟု ဦးနေကျော်အတွက် ဆေးဖိုးအလှူငွေလက်ခံပေးသည့် ဦးငွေတိုးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဟာသသရုပ်ဆောင် လူရွှင်တော်‌ ဦးနေကျော်သည် ကျောက်ကပ်ရောဂါကို နှစ်ရှည်ခံစားနေခဲ့ရသူဖြစ်ပြီး သေဆုံးချိန်တွင် အသက် ၆၇ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

ဦးနေကျော်၏ နာရေးကို မတ် ၂၁ ရက် မွန်းလွဲ ၂ နာရီတွင် ကျီစုသုဿန်၌  မီးသဂြိၤုလ်မည်ဖြစ်ကြောင်း သိရသည်။

ဦးနေကျော်သည် တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြား‌ခဲ့သော ဟာသလူရွှင်တော်တစ်ဦးဖြစ်သည်။

Most Read

Most Recent