တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ယနေ့ (မတ် ၁၈ ရက်) နံနက် ၁၀ နာရီမှစတင်၍ ကျင်းပလျက်ရှိပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကို ရွေးကောက်တင်မြှောက်ရာတွင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် Jeng Phang နော်တောင်အား ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
Jeng Phang နော်တောင်သည် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု၍ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) မှ ရွေးချယ်ခံရခြင်းဖြစ်သည်။















