ဧပြီ ၁ ရက်မှစပြီး EV လူစီးယာဉ်များ အခွန်ငါးရာခိုင်နှုန်း ပေးဆောင်ရမည်

ဧပြီ ၁ ရက်မှစပြီး EV လူစီးယာဉ်များ အခွန်ငါးရာခိုင်နှုန်း ပေးဆောင်ရမည်
Published 16 March 2026

ဧပြီ ၁ ရက်မှစပြီး EV လူစီးယာဉ်များ အခွန်ငါးရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေတွင် ဖော်ပြထားသည်။

အဆိုပါဥပဒေကို မတ် ၁၅ ရက်တွင် ပြဌာန်းလိုက်ခြင်းဖြစ်ကြောင်း၊ လာမည့်ဧပြီ ၁ ရက်မှစတင်ပြီး အကျိုးသက်ရောက်စေရမည်ဖြစ်ကြောင်း သိရသည်။

ယင်းဥပဒေအရ ဘက်ထရီလျှပ်စစ်သုံးလူစီးယာဉ်များမှာ အခွန်ငါးရာခိုင်နှုန်း၊  ၁၅၀၁ စီစီမှ ၂၀၀၀ စီစီအထိ ဗင်ကားများ၊ ဆလွန်းဆီဒင်ကားများ၊ ဝက်ဂွန်ကားများမှာ အခွန် ၁၀ ရာခိုင်နှုန်း၊ ၂၀၀၁ စီစီမှ ၄၀၀၀ စီစီအထိ ဗင်ကားများ၊ ဆလွန်းဆီဒင်ကားများ၊ ဝက်ဂွန်ကားများမှာ အခွန် ၃၀ ရာခိုင်နှုန်း၊ ၄၀၀၁ စီစီနှင့်အထက် ဗင်ကားများ၊ ဆလွန်းဆီဒင်ကားများ၊ ဝက်ဂွန်ကားများမှာ အခွန် ၅၀ ရခိုင်နှုန်းအထိ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်မှ EV မော်တော်ယာဉ်များ သုံးစွဲမှု များပြား လာစေရန်အတွက် နှစ်နှစ်ဆက်တိုက် အခွန် ကင်းလွတ်ခွင့် ပြုထားခဲ့ရာမှာ ၂၀၂၆ ခုနှစ်မှ စတင်ကာ အခွန် ငါးရာခိုင်နှုန်း ကောက်ခံရန် ၂၀၂၆ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြဌာန်းရာတွင် ထည့်သွင်းလိုက်ခြင်းဖြစ်သည်။

Most Read

Most Recent