■တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးများ စတင်ကျင်းပ

■တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးများ စတင်ကျင်းပ
Published 16 March 2026

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယ​နေ့(မတ် ၁၆ ရက်) နံနက် ၁၀ နာရီတွင် စတင်းကျင်းပ​နေပြီဖြစ်သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကို ရွေးကောက်တင်မြှောက်မည်ဖြစ်ကြောင်း သိရသည်။

ယ​နေ့ကျင်းပသည်ွ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကို ရွေးကောက်တင်မြှောက်မည်ဖြစ်ပြီး ၎င်းတို့ကို မ​ရွေးချယ်မီ အစည်းအ​ဝေးအား ကြီးကြပ်ရန် လွှတ်​တော်ကိုယ်စားလှယ်များထဲမှ တစ်ဦးကိုအစည်းအ​​​ဝေး သဘာပတိတစ်ဦးအား ​ရွေးချယ်ရာ သဘာပတိ​လောင်းအဖြစ် လဲချားမဲဆန္ဒနယ် စိုင်းဇင်ဝင်းနှင့် ဒဂုံမဆန္ဒနယ်မှ ဦးနန္ဒ​ကျော်စွာတို့အား အမည်စာရင်းတင်သွင်းသဖြင့် မဲခွဲဆုံးဖြတ်ရာ

ဦးနန္ဒ​ကျော်စွာက ​ထောက်ခံမဲများသဖြင့် အစည်းအ​ဝေးသဘာပတိ အဖြစ် ၎င်းကို ​ရွေးချယ်ခဲ့သည်။

ဆက်လက်၍ သဘာပတိက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ သဘာပတိက နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ပြည်သူ့လွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာ ပေါ်တွင် လက်မှတ်ရေးထိုးခြင်းတို့ ​ဆောင်ရွက်မည်ဖြစ်သည်။

ထို့​​နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ပြီး ပြည်သူ့လွှတ်တော် သဘာပတိက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအား တာဝန် လွှဲအပ်ခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent