■ ထိုင်းနိုင်ငံဘက်တွင် လျှပ်စစ်ဓါတ်အားလိုင်း ပြင်ဆင်မွန်းမံရန်အတွက် တံတားဖြတ်သန်းခွင့်အား ခေတ္တ ဆိုင်းငံ့ထားမည်ဟု သိရ

■ ထိုင်းနိုင်ငံဘက်တွင် လျှပ်စစ်ဓါတ်အားလိုင်း ပြင်ဆင်မွန်းမံရန်အတွက် တံတားဖြတ်သန်းခွင့်အား ခေတ္တ ဆိုင်းငံ့ထားမည်ဟု သိရ
Published 7 March 2026

မြန်မာ -ထိုင်း နယ်စပ် ၊မြဝတီ မဲဆောက် အမှတ်(၁)ချစ်ကြည်ရေးတံတားမှ ဖြတ်သန်းသွားလာခွင့်အား မနက်ဖြန် မတ်လ ၈ ရက် နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီထိ ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ကြေငြာထားချက်အရ သိရသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ပြည်နယ်လျှပ်စစ်ဌာနမှ လျှပ်စစ်ဓါတ်အားလိုင်း ပြင်ဆင်မွမ်းမံမည်ဖြစ်ပါသဖြင့် မတ် ၈ ရက် (နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီအထိ မဟာလျှပ်စစ်ဓါတ်အားလိုင်းများကို ဖြတ်တောက်မည်ဖြစ်ပါသောကြောင့် မြန်မာနိုင်ငံကူးလက်မှတ် (Passport)နှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ဖြင့် ဝင်ရောက်ခြင်းအား ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ပါကြောင်း ချစ်ကြည်ရေးတံထိပ်၌ ကြေငြာထားသည်။

ယင်းကြောင့်  လျှပ်စစ်မီး ပြန်လည်ရရှိပါက ပုံမှန်အတိုင်း ဝင်/ထွက်သွားလာမှုအား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း  ခရီးသွားပြည်သူများ သိရှိစေရန် ချစ်ကြည်ရေးတံတား အမှတ်(၁) ထိပ်တွင် အသိပေးကြေငြာထားသည်။

မြန်မာ ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတားမှတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ နေ့စဉ် မြန်မာနိုင်ငံသား  ခရီးသွားနှစ်ထောင်ကျော် ဝင်/ထွက်သွားလာလျှက်ရှိကြောင်း သိရသည်။

Most Read

Most Recent