■ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများ၊ ကြားခံလူများက ဥပဒေကို လက်တစ်လုံးခြားဆောင်ရွက်မှုများနှင့် မတရားပြုလုပ်ခြင်းများ မှန်ကန်ပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန် ကာကွယ်ရေးဝန်ကြီး ပြောကြား

■ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများ၊ ကြားခံလူများက ဥပဒေကို လက်တစ်လုံးခြားဆောင်ရွက်မှုများနှင့် မတရားပြုလုပ်ခြင်းများ မှန်ကန်ပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန် ကာကွယ်ရေးဝန်ကြီး ပြောကြား
Published 27 February 2026



■ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် အသက်မပြည့်သူများနှင့် အသက်ကျော်လွန်သူများ တွေ့ရှိရ၍ ပြန်လည်စေလွှတ်ပေးခဲ့ရသဖြင့် စစ်မှုထမ်းသက်နှင့် အကျုံးဝင်သူများကို သေချာစွာစိစစ်ခေါ်ယူရန်လိုဟု ဆို

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများ၊ ကြားခံလူများက ဥပဒေကို လက်တစ်လုံးခြားဆောင်ရွက်မှုများနှင့် မတရားပြုလုပ်ခြင်းများ မှန်ကန်ပါက ထိရောက်စွာ အရေးယူသွားနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားသည်။

 

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၆) ကို ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်အမှာစကားပြောကြားရာတွင် ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ၊ အတွင်းရေးမှူး စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌများဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Online ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့်ပတ်သက်၍ "စည်းကမ်းတကျဆင့်ခေါ်မှုကို အလေးထားရန်" လမ်းညွှန်ထားရှိမှုအပေါ် အဆင့်ဆင့်သော ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် အလေးထားလိုက်နာဆောင်ရွက်ကြရန် ပြောကြားသည်။

နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပြီး ဥပဒေအရ အသက်သတ်မှတ်ချက်နှင့် ကိုက်ညီအကျုံးဝင်သူများအနေဖြင့် သတ်မှတ်ကာလအလိုက် အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး စီမံဆင့်ခေါ်ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအဖွဲ့များအနေဖြင့်လည်း ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။ 

ယနေ့အထိ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၉) အထိ သင်တန်းဆင်းခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြောင်း၊ ၎င်းတို့ထဲမှ သူရဲကောင်းမှတ်တမ်း ဝင်တံဆိပ်၊ သူရဲကောင်းလက်မှတ်၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် အကြီးအကဲများ၏ ချီးကျူးဂုဏ်ပြုလက်မှတ်များရရှိခဲ့သူ ၇၄ ဦးထိရှိပြီဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၃) ခု ဖွင့်လှစ်တက်ရောက်လေ့ကျင့်လျက်ရှိကြောင်း ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဆိုသည်။    

ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဖွဲ့များအနေဖြင့် လူမှုဆက်ဆံရေး ကောင်းမွန်စေရေး၊ ငွေကြေးဆိုင်ရာ မသမာမှုများ မရှိစေရေး၊ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်မှုရှိစေရေးတို့အတွက် တာဝန်ရှိသူအဆင့်ဆင့်က စိစစ်ကြပ်မတ်ပေးရန်လိုကြောင်း၊ ထို့အတူ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ကြိုးစားဆောင်ရွက်နေသူ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို မမှန်သတင်းများဖြင့်လည်းကောင်း၊ တစ်ဆင့်ကြားသိရသည့် သတင်းမှားများဖြင့်လည်းကောင်း တိုင်ကြားမှုများရှိနေသည်ကိုလည်း တွေ့ရှိရကြောင်း၊ မှန်ကန်မှုမရှိဘဲ လုပ်ကြံပြောဆိုဝါဒဖြန့်ခြင်း၊ မမှန်မကန်တိုင်ကြားခြင်းများရှိပါက တိကျစွာဖော်ထုတ်၍ အရေးယူသွားရန်လိုအပ်ကြောင်း၊ မမှန်မကန် တိုင်ကြားသဖြင့် တိုင်ကြားသူကို အရေးယူခဲ့ရသည်များလည်းရှိပြီး အရေးယူရန်ဆောင်ရွက်ဆဲအမှုများလည်းရှိကြောင်း ဗိုလ်ချုပ် ကြီး မောင်မောင်အေးက ပြောကြားသည်။

ထို့အတူ လေ့ကျင့်ရေးသင်တန်းကျောင်းများသို့ မပို့ဆောင်မီ စုရပ်များတွင် စိစစ်ရာ၌ အသက်မပြည့်သေးသူများ၊ အသက်ကျော်လွန်သူများ တွေ့ရှိရသဖြင့် ပြန်လည်စေလွှတ်ပေးခဲ့ရသည်များရှိ၍ စစ်မှုထမ်းသက်နှင့် အကျုံးဝင်သူများကို သေချာစွာ စိစစ်ဆင့်ခေါ်ရန်လိုအပ်ကြောင်း းက ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများ၊ ကြားခံလူများက ဥပဒေကို လက်တစ်လုံးခြားဆောင်ရွက်မှုများနှင့် မတရားပြုလုပ်ခြင်းများ မှန်ကန်ပါက ထိရောက်စွာ အရေးယူသွားနိုင်ရေးကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ လက်ရှိအနေအထားတွင်လည်း အရေးယူပြီး၊ အရေးယူဆဲအမှုများလည်း ရှိနေကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ပြည်သူလူထု အသိပညာပေးမှုများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးရန်လိုကြောင်း၊ ဗဟိုအဖွဲ့အနေဖြင့် စာရင်းဇယား မှန်ကန်ရန်နှင့် ရေရှည်တွင် မှတ်တမ်းထည့်သွင်းမှု လွယ်ကူစေရန်အတွက် ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS) ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဗဟိုအဖွဲ့အနေဖြင့် နေပြည်တော်ကောင်စီနှင့် ပြည်နယ်၊ တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက တင်ပြလာသည့် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်များနှင့်ပတ်သက်၍ အလေးထားစိစစ်၍ ခွင့်ပြုပေးလျက်ရှိကြောင်း၊ ထိုသို့ ခွင့်ပြုခဲ့သူများမှ ရွှေ့ဆိုင်းခွင့်ပြုခဲ့သူများအား နေပြည်တော်ကောင်စီနှင့် ပြည်နယ်၊ တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် စနစ်တကျ မှတ်တမ်းရေးသွင်း၍ ပြန်လည်ဆင့်ခေါ်ရမည့်အချိန်တွင် ရာနှုန်းပြည့်ပြန်လည်ဆင့်ခေါ်နိုင်ရေး စနစ်တကျကြပ်မတ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားသည်။

သတ်မှတ်အချိန်ကာလအတိုင်းပြည် သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး တပ်မတော်မှ နုတ်ထွက်ခဲ့သူများမှ ပြန်လည်နေရာချထားမှုခံယူလိုသူများအတွက် "စစ်မှုထမ်းတာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ" ကို ဖွဲ့စည်းထားကြောင်း၊ ယင်းစီမံခန့်ခွဲမှုကော်မတီ၏ အောက်တွင် လုပ်ငန်းကော်မတီ (၅) ခု ဖွဲ့စည်းထားရှိပြီး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ စစ်မှုထမ်းကာလ ပြည့်မြောက်၍ တာဝန်ကျေပွန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများကို သက်ဆိုင်ရာသင်တန်းများပေး၍ အစိုးရအမှုထမ်း၊ ပြည်ပအလုပ်အကိုင်များ၊ ကုမ္ပဏီအလုပ်အကိုင်များ၊ ပုဂ္ဂလိကအလုပ်အကိုင်များ၊ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်များ လုပ်ကိုင်နိုင်ရေး စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားသည်။    

Most Read

Most Recent