■ ဝေါနှင့် သထုံမြို့နယ်တို့တွင် ကျပ်သိန်း ၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် တရားမဝင် ဓာတုပစ္စည်းများ ဖမ်းဆီးရမိပြီး ကွင်းဆက်စစ်ဆေးချက်အရ ပါဝင်ပတ်သက်သူများကိုလည်း ရန်ကုန်မြို့တွင် ထပ်မံဖမ်းဆီးရမိ

■ ဝေါနှင့် သထုံမြို့နယ်တို့တွင် ကျပ်သိန်း ၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် တရားမဝင် ဓာတုပစ္စည်းများ ဖမ်းဆီးရမိပြီး ကွင်းဆက်စစ်ဆေးချက်အရ ပါဝင်ပတ်သက်သူများကိုလည်း ရန်ကုန်မြို့တွင် ထပ်မံဖမ်းဆီးရမိ
Published 11 February 2026

ဝေါနှင့် သထုံမြို့နယ်တို့တွင် ကျပ်သိန်း ၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် တရားမဝင် ဓာတုပစ္စည်းများ ဖမ်းဆီးရမိပြီး ကွင်းဆက်စစ်ဆေးချက်အရ ပါဝင်ပတ်သက်သူများကိုလည်း ရန်ကုန်မြို့တွင် ထပ်မံဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖေဖော်ဝါရီ ၆ ရက် ည ၁၀ နာရီခွဲခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေး&ွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ရဲမြင့်မာန် (ခ) ရဲမြင့် မောင်းနှင်ပြီး မြင့်မြတ်အောင် (ခ) ဟာဆန်လေး လိုက်ပါလာသည့် NISSAN CONDOR အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သယ်ဆောင်လာသော စက္ကူဂျပ်ဖာများအတွင်းမှ Tramadol ဆေးတောင့် ၉၉,၀၀၀ တောင့် (ခန့်မှန်းကျပ် ၃၉၆ သိန်း) အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၁ နာရီတွင် အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် သက်ဟိန်း (ခ) ချိုအိုက်အား ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ မြို့သစ် (က+ခ) ရပ်ကွက်တွင် PROBOX အမျိုးအစား မော်တော်ယာဉ် တစ်စီးနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အားလည်းကောင်း၊ မွန်းလွဲ ၁ နာရီခွဲတွင် မြင့်နိုင ်(ခ) မိုဟာမက်ဇူဘေးအား မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက်တွင် JETOUR DASHING မော်တော်ယာဉ် တစ်စီးနှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့အားလည်းကောင်း၊ တင်သန်းဦး (ခ) ဝကီး (ခ) ဘိုင်ဝေါ်ကီအား ၎င်းနေထိုင်သည့် သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ အုတ်ဖိုတန်းလမ်းရှိ နေအိမ်တွင် တရားမဝင် ဓာတုပစ္စည်း Tinner ၁,၀၈၀ လီတာ (ခန့်မှန်းကျပ် ၂၁ ဒသမ ၆ သိန်း) နှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့အားလည်းကောင်း၊ မနီနီအေးအား ၎င်းနေထိုင်သည့် သထုံမြို့၊ အောက်ကျင်းရပ်ကွက်ရှိ နေအိမ်တွင် လက်ကိုင်ဖုန်း တစ်လုံးနှင့်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများဖြစ်သည့် ရဲမြင့်မာန် (ခ) ရဲမြင့် (၃၈) နှစ်၊ မြင့်မြတ်အောင် (ခ) ဟာဆန်လေး (၁၈) နှစ်၊ သက်ဟိန်း (ခ) ချိုအိုက် (၂၈) နှစ်၊ မြင့်နိုင် (ခ) မိုဟာမက်ဇူဘေး (၄၂) နှစ်၊ တင်သန်းဦး (ခ) ဝကီး (ခ) ဘိုင်ဝေါ်ကီ (၃၀) နှစ်နှင့် မနီနီအေး (၃၉) နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

Most Read

Most Recent