■ ထီဈေးကွက်အတွင်း ကျပ် ၁၀၀၀ တန်အောင်ဘာလေထီလက်မှတ် တစ်စောင်လျှင် ကျပ် ၁၄၀၀ ဖြင့် ရောင်းချ

■ ထီဈေးကွက်အတွင်း ကျပ် ၁၀၀၀ တန်အောင်ဘာလေထီလက်မှတ် တစ်စောင်လျှင် ကျပ် ၁၄၀၀ ဖြင့် ရောင်းချ
Published 20 January 2026

ထီစျေးကွက်အတွင်း ကျပ် ၁၀၀၀ တန်အောင်ဘာလေထီလက်မှတ် တစ်စောင်လျှင် ကျပ် ၁၄၀၀ ဖြင့် ရောင်းချနေကြောင်း ထီရောင်းသူနှင့် ထီကံစမ်းသူများထံမှ သိရသည်။

“ကျွန်မအလုပ်စဝင်ပြီး ရောင်းတုန်းကတော့ တစ်စောင်ကို ၁၂၀၀၊ ၁၃၀၀ ကျပ်နဲ့ ရောင်းရတယ်။ ဒီလကတော့ ၁၄၀၀ ကျပ်ဖြစ်ပြီး ၁၀၀ စျေးတက်သွားပါတယ်” ဟု ထီရောင်းချသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့်လက ထီတစ်စောင်လျှင် ၁၃၀၀ ကျပ်ဖြင့် ထီကံစမ်းပြီး ယခုလတွင် ထီတစ်စောင်လျှင် ၁၄၀၀ ကျပ် ပေးခဲ့ရကြောင်း ထီကံစမ်းသူတစ်ဦးက ပြောကြားသည်။

“ကျွန်တော်ဆို လတိုင်း ထီကံစမ်းပါတယ်။ ပြီးခဲ့တဲ့လတွေက ထီထိုးတာ တစ်စောင်ကို ၁၃၀၀ ကျပ်ပါ။ ဒီလထီထိုးတာ တစ်စောင်ကို ၁၄၀၀ ကျပ် ပေးရပါတယ်။ တစ်ဆိုင်တစ်လေ စျေးတက်တယ်ထင်လို့ အခြားဆိုင်တွေမှာလည်း လိုက်မေးကြည့်ပြီး ထိုးတာ။ ကျွန်တော်ထိုးတဲ့ဆိုင်တိုင်း ၁၄၀၀ ကျပ် စျေးတက်သွားပါတယ်” ဟု ၎င်းက ပြောကြားသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သည့် ၈၂ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲအတွက် ထီလက်မှတ်များကို က အက္ခရာမှ အစဉ်လိုက် ဌ အက္ခရာအထိ စုစုပေါင်း အက္ခရာ ၁၂ လုံးဖြင့် ထီစာအုပ် ၉၈၁၈၁၆ အုပ် ရောင်းချခဲ့ရကြောင်း သိရသည်။

အဆိုပါ ၈၂ ကြိမ်မြောက်ထီဖွင့်ပွဲတွင် ၇၀ ရာခိုင်နှုန်း ခွဲဝေချီမြှင့်သည့်အတွက် ထီဆုငွေ ကျပ်သန်း ၆၈၇၂ ဒသမ ၇၁၂ ခွဲဝေချီးမြှင့်ခဲ့ကြောင်း၊ ယင်းအပြင် ဆုမဲတန်ဖိုးမပြည့်မီသည့် ဆုငွေများနှင့် ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း ၂၅၀ ကိုလည်း ပေါင်းထည့်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent