မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ်သန်း ၃၀ ထပ်မံရောင်းချမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၆ ရက်က ထုတ်ပြန်ခဲ့သည်
ဇန်နဝါရီ ၁၄ ရက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း၊ ဇန်နဝါရီ ၇ ရက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၂ သန်း ထပ်မံရောင်းချမည်ဟု ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်ကလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် သွင်းကုန်လုပ် ငန်းရှင်များအတွက် တရုတ်ယွမ် ၁၀ သန်း၊ စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၃ သန်း ထပ်မံရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာ ၂၄ ရက်ကလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၃ သန်း ထပ်မံရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။










