အမေရိကန်အစိုးရသည် ဗင်နီဇွဲလားခေါင်းဆောင်သစ်များနှင့် အလုပ်ကောင်းကောင်းလုပ်နေသည်ဟု သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီး ဗင်နီဇွဲလား ယာယီသမ္မတနှင့် တွေ့မည်ဟု ဆို

အမေရိကန်အစိုးရသည် ဗင်နီဇွဲလားခေါင်းဆောင်သစ်များနှင့် အလုပ်ကောင်းကောင်းလုပ်နေသည်ဟု သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီး ဗင်နီဇွဲလား ယာယီသမ္မတနှင့် တွေ့မည်ဟု ဆို
Air Force One လေယာဉ်ပေါ်၌ သတင်းထောက်များ၏မေးမြန်းမှုများကို သမ္မတဒေါ်နယ်ထရန့် ပြန်လည်ဖြေကြားနေပုံကို ဇန်နဝါရီ ၁၁ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Air Force One လေယာဉ်ပေါ်၌ သတင်းထောက်များ၏မေးမြန်းမှုများကို သမ္မတဒေါ်နယ်ထရန့် ပြန်လည်ဖြေကြားနေပုံကို ဇန်နဝါရီ ၁၁ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 12 January 2026

အမေရိကန်အစိုးရသည် ဗင်နီဇွဲလား၏ ယာယီခေါင်းဆောင်နှင့် ကောင်းကောင်းအလုပ်လုပ်နေသည်ဟု ဇန်နဝါရီ ၁၁ ရက်တွင် သမ္မတဒေါ်နယ်ထရန့်က ပြောကြားလိုက်ပြီး ဗင်နီဇွဲလားယာယီသမ္မတနှင့်တွေ့ဆုံ မည်ဟုဆိုသည်။

နီကိုလပ်စ်မာဒူရိုကို ဖမ်းဆီးလိုက်ပြီးနောက် အမေရိကန်ပြည်ထောင်စုက ဗင်နီဇွဲလားကို ကြီးကြပ်ကွပ်ကဲမည်ဟု သမ္မတဒေါ် နယ်ထရန့်က ဇန်နဝါရီ ၄ ရက်တွင် ပြောခဲ့သည်။သို့သော်ဗင်နီဇွဲလားခေါင်းဆောင် သစ်များနှင့်လည်း ထိတွေ့ဆက်ဆံသွားမည်ဟု ထရန့်က ပြောကြားထားသည်။ ဗင်နီဇွဲလား၏ ယာယီသမ္မတ ဒယ်စီရိုဒရီဂွက်ဇ်က သူသည် ထရန့်အစိုးရနှင့် တွဲလုပ်ရန် အဆင်သင့်ဖြစ်နေသည်ဟု ပြောကြားခဲ့ပြီး ဟန်ချက် ညီ၍လေးစားစရာ ဆက်ဆံရေးအတွက် ထရန့်ကို တောင်းဆိုထားသည်။

ဇန်နဝါရီ ၃ ရက်တွင် မာဒူရိုနှင့် ဇနီးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ယခုအခါ အမေရိကန်က ဗင်နီဇွဲလားကို စီမံအုပ်ချုပ်နေသည်ဟု ထပ်တလဲလဲပြောဆိုလျက်ရှိသည်။

အမေရိကန်ပြည်ထောင်စုက ဗင်နီဇွဲလားကို ယခုအခါ လုံးလုံးထိန်းချုပ်လိုက်ပြီဟု ထရန့်က ပြောကြားခဲ့ပြီး ဗင်နီဇွဲလား၏အရေး ပါသောရေနံတင်ပို့မှုများကိုလည်း ရေကြောင်း ပိတ်ဆို့မှုများ လုပ်ဆောင်လိုက်ပြီဟု ဆိုသည်။

ရိုဒရီဂွတ်ဇ်က အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုပါက သူသည် ကြီးကြီးမားမား ပေးဆပ်ရလိမ့်မည်ဟု ထရန့်က စောစောပိုင်းတွင် ခြိမ်းခြောက်ခဲ့ သည်။

မာဒူရိုလက်ထက်တွင် ဒုတိယသမ္မတ အဖြစ် ဆောင်ရွက်ခဲ့သည့် ရိုဒရီဂွက်ဇ်က အ မေရိကန်ပြည်ထောင်စုနှင့်တွဲလုပ်ရန် ဆန္ဒရှိနေကြောင်း ပြောကြားခဲ့ပြီး ဗင်နီဇွဲလားရေနံများကို ရရှိရေးအတွက် ထရန့်၏တောင်းဆို ချက်များနှင့်ပတ်သက်၍လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားထားသည်။

သူ၏ဗင်နီဇွဲလားအစိုးရက နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့ပြီး ၀ါရှင်တန်နှင့် သံတမန်ဆက်ဆံရေးများ ပြန်လည်ထူထောင်ရန် စတင်ဆွေးနွေးနေသည်။

ကရာကက်စ်မြို့၌ အမေရိကန်သံရုံး ပြန်ဖွင့်ရေးကိစ္စ ဆွေးနွေးရန် အမေရိကန်သံတမန်များက ဇန်နဝါရီ ၉ ရက်တွင် ကရာကက်စ်ကို သွားခဲ့သည်။

“ဗင်နီဇွဲလား တကယ့်ကောင်းကောင်း  အလုပ်လုပ်နေပါတယ်။ ကျွန်တော်တို့ကလည်း ဗင်နီဇွဲလားခေါင်းဆောင်ပိုင်းနဲ့ ကောင်းကောင်းအလုပ်လုပ်နေပါတယ်”ဟု ထရန့်က ဇန်နဝါရီ ၁၁ ရက်တွင် Air Force One လေယာဉ်ပေါ်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

ဗင်နီဇွဲလား ယာယီသမ္မတ ရိုဒရီဂွက်ဇ်နှင့် တွေ့ဆုံရန် အစီအစဉ်ရှိမရှိ သတင်းထောက်ကမေးမြန်းသည့်အခါ ထရန့်က“တစ်ချိန်ချိန်မှာ တွေ့ဖြစ်မှာပါ”ဟု ဖြေကြားခဲ့သည်။

ထို့အပြင် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာကော်ရီနာမာချာဒိုကိုလည်း ဇန်နဝါရီ ၁၃ ရက် သို့မဟုတ် ၁၄ ရက်တွင် တွေ့ရန် မျှော်လင့်ထားသည်ဟု အမေရိကန်သမ္မတက ပြောကြားခဲ့သည်။

ဗင်နီဇွဲလားအတိုက်အခံမာချာဒိုသည် သမ္မတဖြစ်လာမည်လားဟူသော မေးခွန်းနှင့်ပတ်သက်၍ ထရန့်က“ဖြစ်လာမည်မဟုတ်”ဟု ဖြေခဲ့သည်။                              

Ref: AFP

Most Read

Most Recent