၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ သွင်းကုန်လိုင်စင်/ပါမစ်လျှောက်လွှာများ၏ သက်တမ်းကို ရက်ပေါင်း ၁၈၀ သတ်မှတ်ခဲ့ပြီး ပြည်တွင်းတွင် ရောင်းဝယ်ရန်အတွက် တင်သွင်းမှုများ၌ ကုမ္ပဏီတစ်ခုလျှင် ကုန်ပစ္စည်း အမျိုးအစားတူညီပါက ပြက္ခဒိန်တစ်လအတွင်း တစ်စောင်သာ လိုင်စင်လျှောက်ထားရမည်

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ သွင်းကုန်လိုင်စင်/ပါမစ်လျှောက်လွှာများ၏ သက်တမ်းကို ရက်ပေါင်း ၁၈၀ သတ်မှတ်ခဲ့ပြီး ပြည်တွင်းတွင် ရောင်းဝယ်ရန်အတွက် တင်သွင်းမှုများ၌ ကုမ္ပဏီတစ်ခုလျှင် ကုန်ပစ္စည်း အမျိုးအစားတူညီပါက ပြက္ခဒိန်တစ်လအတွင်း တစ်စောင်သာ လိုင်စင်လျှောက်ထားရမည်
Published 9 January 2026

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ သွင်းကုန်လိုင်စင်/ပါမစ်လျှောက်လွှာများ၏ သက်တမ်းကို ရက်ပေါင်း ၁၈၀ သတ်မှတ်ခဲ့ပြီး ပြည်တွင်းတွင် ရောင်းဝယ်ရန်အတွက် တင်သွင်းမှုများ၌ ကုမ္ပဏီတစ်ခုလျှင် ကုန်ပစ္စည်း အမျိုးအစားတူညီပါက ပြက္ခဒိန် တစ်လအတွင်း တစ်စောင်သာ လိုင်စင်လျှောက်ထားရမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနအနေဖြင့် သွင်းကုန်လုပ်ငန်းရှင်များက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်၍ လျှောက်ထားသည့် သွင်းကုန်လိုင်စင်/ပါမစ်လျှောက်လွှာများ၏ သက်တမ်းကို ရက်ပေါင်း ၁၈၀ သတ်မှတ် မည်ဖြစ်ကြောင်း၊ ပြည်တွင်းတွင် ရောင်းဝယ်ခြင်းလုပ်ငန်း (Trading) ဆောင်ရွက်ရန် တင်သွင်းမှုများအတွက် လိုင်စင်လျှောက်ထားရာတွင် ကုမ္ပဏီတစ်ခုလျှင် ကုန်ပစ္စည်း အမျိုးအစားတူညီပါက ပြက္ခဒိန် တစ်လအတွင်း တစ်စောင်သာ လျှောက်ထားရန်နှင့် အဆိုပါတစ်စောင်လိုသာ အတည်ပြုခွင့်ပြုသွားမည် ဖြစ်ကြောင်းနှင့် သွင်းကုန်လိုင်စင်ပါမစ် လျှောက်လွှာ သက်တမ်းရက်ပေါင်း၁၈ဝကျော်လွန်သည့် လျှောက်ထားမှုများကို Myanmar Tradenet 2.0 စနစ်မှ ပယ်ဖျက်ခြင်း (Auto Conceal) ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် အသိပေးကြေညာချက်(၄/၂ဝ၂၅) ဖြင့် အသိပေးထုတ်ပြန်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် သွင်းကုန်လိုင်စင်/ပါမစ်လျှောက်လွှာ များနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်များအတိုင်း သိရှိလိုက်နာဆောင်ရွက်နိုင်ရေးစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Most Read

Most Recent