မန်ယူနည်းပြဟောင်း တန်ဟက်ဂ် FC တွမ်တီးအသင်းရဲ့ နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်ခံရ

မန်ယူနည်းပြဟောင်း တန်ဟက်ဂ် FC တွမ်တီးအသင်းရဲ့ နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်ခံရ
Photo: X
Photo: X
Published 7 January 2026

မန်ယူအသင်းရဲ့ နည်းပြဟောင်း အဲရစ်တန်ဟက်ဂ်ဟာ FC တွမ်တီးအသင်းရဲ့ နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရပါတယ်။

တန်ဟက်ဂ်(၅၅ နှစ်)ဟာ FC တွမ်တီးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး အဲဒီအသင်းမှာ နှစ်ကြိမ်ကစားခဲ့သူပါ။

တန်ဟက်ဂ်ဟာ FC တွမ်တီးအသင်းမှာ အကယ်ဒမီနည်းပြ၊ လက်ထောက်နည်းပြတာဝန်တွေရယူပြီး နည်းပြဘဝကို အစပြုခဲ့သူလည်း ဖြစ်ပါတယ်။

တန်ဟက်ဂ်ဟာ အေဂျက်စ်နဲ့ မန်ယူအသင်းတွေမှာ ဆုဖလားအောင်ပွဲတွေ ရယူနိုင်ခဲ့ပေမဲ့ လေဗာကူဆင်အသင်းမှာတော့ (၃)ပွဲသာ ကိုင်တွယ်ခွင့်ရခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ရာထူးက ထုတ်ပယ်ခံခဲ့ရတာကြောင့် လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေပါတယ်။

FC တွမ်တီးအသင်းက တန်ဟက်ဂ်ကို နည်းစနစ်ဒါရိုက်တာအဖြစ် ၂၀၂၈ နွေရာသီအထိ ခန့်အပ်လိုက်တာဖြစ်ပေမဲ့ ဖေဖော်ဝါရီ(၁)ရက်မှာမှ အသင်းနဲ့ စတင်လက်တွဲရမှာဖြစ်ပြီး လက်ရှိနည်းစနစ်ဒါရိုက်တာ အနားယူမယ့် လာမယ့်နွေရာသီမှသာ တာဝန်ယူလုပ်ဆောင်ရမှာဖြစ်ကြောင်း သိရပါတယ်။

Most Read

Most Recent