■ ယာယီသမ္မတ နိုင်ငံ​တော်လုံခြုံ​ရေးနှင့် ​အေးချမ်းသာယာ​​ရေး​ကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင် ဇေယျာသီရိမြို့နယ်၊ အနော်ရထာရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲပေး

■ ယာယီသမ္မတ နိုင်ငံ​တော်လုံခြုံ​ရေးနှင့် ​အေးချမ်းသာယာ​​ရေး​ကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင် ဇေယျာသီရိမြို့နယ်၊ အနော်ရထာရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲပေး
Published 28 December 2025

ယာယီသမ္မတ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာ ၂၈ ရက်၊နံနက် ၈ နာရီ၀န်းကျင်က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ အနော်ရထာရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲပေးခဲ့သည်။

ပါတီစုံအထွေထွေရွေးကောက်ပွဲ အပိုင်း(၁) ကို ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပနေပြီး မြို့နယ် (၁၀၂) မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပနေခြင်းဖြစ်သည်။

နေပြည်တော်ရှိ မြို့နယ် ၈ မြို့နယ်စလုံးသည် ရွေးကောက်ပွဲအပိုင်း(၁)တွင် ပါ၀င်သည်။

နေပြည်တော်ရှိ ဇေယျာသီရိမြို့နယ်၊ အနော်ရထာရပ်ကွက် မဲရုံအမှတ်(၁)တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူ တပ်မတော်စစ်ဘက်ရေးရာအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲ၀င်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ အမျိူးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းအပါအ၀င် တပ်‌မတော်ထိပ်ပိုင်းအရာရှိကြီးများနှင့် မိသား၀င်များ မဲလာရောက်ပေးနေသည်ကို တွေ့ရှိရသည်။

Most Read

Most Recent