ဘာလိုတယ်လီကို ခေါ်ယူဖို့ အယ်လ်အက်တီဖတ်အသင်း စိတ်ဝင်စားနေ

ဘာလိုတယ်လီကို ခေါ်ယူဖို့ အယ်လ်အက်တီဖတ်အသင်း စိတ်ဝင်စားနေ
Photo: X
Photo: X
Published 24 December 2025

ဆော်ဒီကလပ် အယ်လ်အက်တီဖတ်အသင်းဟာ ၀ါရင့်အီတလီတိုက်စစ်မှူး ဘာလိုတယ်လီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းထွက်လာပါတယ်။

အယ်လ်အက်တီဖတ်အသင်းဟာ ဆော်ဒီလိဂ်မှာ အမှတ်ပေးဇယား အဆင့်(၉)နေရာ ရပ်တည်နေပြီး ဆော်ဒီကစားသမားဟောင်း အယ်လ်ရှားရီ ကိုင်တွယ်နေတဲ့အသင်းဖြစ်ပါတယ်။

အသင်းခေါင်းဆောင်ကတော့ နယ်သာလန်ကွင်းလယ်ကစားသမား ၀ိုင်နယ်လ်ဒမ်းဖြစ်ပြီး ပြည်ပကစားသမားတွေ အရေအတွက်အပြည့် ခေါ်ယူထားပြီးဖြစ်ပေမဲ့ ဘာလိုတယ်လီကို ခေါ်ယူဖို့ စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရပါတယ်။

အသက်(၃၅)နှစ်ရှိပြီဖြစ်တဲ့ ဘာလိုတယ်လီဟာ အင်တာမီလန်၊ အေစီမီလန်၊ မန်စီးတီး၊ လီဗာပူးလ် စတဲ့ ထိပ်သီးအသင်းတွေမှာ ကစားခဲ့ဖူးသူဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီအကုန်မှာ ဂျီနိုအာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့နောက် အသင်းလက်မဲ့ဖြစ်နေသူပါ။

ဒါပေမဲ့ ကစားသမားဘဝက အနားမယူသေးဘဲ အသင်းသစ်ရှာဖွေနေဆဲဖြစ်တာကြောင့် အယ်လ်အက်တီဖတ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး ၂၀၂၈ ခုနှစ်စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းသွားဖွယ်ရှိကြောင်း သိရပါတယ်။

Most Read

Most Recent