စပိန်ဘုရင့်ဖလား(၃၂)သင်းအဆင့်နှင့် အင်တာကွန်တီနင်တယ်ဖလားဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

စပိန်ဘုရင့်ဖလား(၃၂)သင်းအဆင့်နှင့် အင်တာကွန်တီနင်တယ်ဖလားဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 17 December 2025

PSG - ဖလာမင်ဂို (ဒီဇင်ဘာ ၁၇ ရက် ည ၁၁း၃၀ နာရီ)

၂၀၂၅ အင်တာကွန်တီနင်တယ်ဖလားကို ကာတာနိုင်ငံမှာ ကျင်းပနေတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလား ရရှိထားတဲ့ PSG အသင်းက ဗိုလ်လုပွဲအဆင့်က စောင့်ကြိုကစားရတာပါ။ တောင်အမေရိကချန်ပီယံ ဖလာမင်ဂိုအသင်းကတော့ ဒုတိယအဆင့်ကနေ စတင်ယှဉ်ပြိုင်ရတာဖြစ်ပြီး ကွန်ကာကက်ဖ်ချန်ပီယံ ခရုဇ်အဇူလ်နဲ့ အာဖရိကချန်ပီယံ ပိရမစ်အသင်းတွေကို အနိုင်ယူကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။ နွေရာသီ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ  ခြေစွမ်းပြနိုင်ခဲ့တဲ့ ဖလာမင်ဂိုအသင်းကို နည်းပြ အန်နရီကေးက အလေးထားကြောင်း ပြောခဲ့ပေမဲ့ ဒီပွဲမှာတော့ အနိုင်ရအောင် ကစားပါလိမ့်မယ်။

ဘယ်လီယာရက်စ် - အက်သလက်တီကို (ဒီဇင်ဘာ ၁၇ ရက် ည ၁၂း၃၀ နာရီ)

ဘယ်လီယာရက်စ်က စပိန်စတုတ္ထတန်းအဆင့်က အသင်းဖြစ်ပြီး အက်သလက်တီကိုနဲ့ အခြေအနေချင်းကွာခြားလွန်းပါတယ်။ အိမ်ကွင်းမှာ ခြေစွမ်းပြနိုင်လေ့ရှိပေမဲ့ ဒီပွဲမှာတော့ ဂိုးပြတ်အရှုံးပေးရဖို့ အလားအလာများပါတယ်။

အလာဗတ်စ် - ဆီဗီလာ (ဒီဇင်ဘာ ၁၈ ရက် နံနက် ၂း၃၀ နာရီ)

ဒီပွဲကတော့ (၃၂)သင်းအဆင့်မှာ လာလီဂါအသင်းချင်း ဆုံတွေ့တဲ့ တစ်ပွဲတည်းသောပွဲစဉ်ဖြစ်ပြီး လာလီဂါမှာ ရလဒ်ပိုင်းလည်း သိပ်မကွာပါဘူး။ ဒီရာသီ လာလီဂါဆုံတွေ့မှုမှာ ဆီဗီလာ အနိုင်ရခဲ့ပေမဲ့ ဒီပွဲမှာတော့ အိမ်ရှင်အသင်းကိုပဲ ရွေးချင်ပါတယ်။

တယ်လာဗယ်ရာ - ရီးယဲလ်မက်ဒရစ် (ဒီဇင်ဘာ ၁၈ ရက် နံနက် ၂း၃၀ နာရီ)

တယ်လာဗယ်ရာက စပိန်တတိယတန်းက အသင်းဖြစ်ပြီး ရီးယဲလ်လို အသင်းနဲ့ ယှဉ်ပြိုင်ခွင့်ရတာပဲ ကျေနပ်သင့်ပါပြီ။ ရီးယဲလ်အသင်း ကစားသမားအပြောင်းအလဲ ဘယ်လိုပဲလုပ်လုပ် အဆင့်ကွာတဲ့ ပြိုင်ဘက်အသင်းကိုတော့ လွယ်လွယ်ကူကူအနိုင်ယူမှာ သေချာပါတယ်။

အခြားပွဲများ

လီယိုနီဆာ - လီဗန်တေး*

အယ်လ်ဘာစီတီ - ဆယ်လ်တာဗီဂို*

ဟူဆကာ - အိုဆာဆူနာ*

ရေးဆင်း - ဗီလာရီးယဲလ်*

Most Read

Most Recent