ချန်ပီယံလိဂ်ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ်ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်
Photo: Arsenal
Photo: Arsenal
Published 10 December 2025

ဘီလ်ဘာအို - PSG (ဒီဇင်ဘာ ၁၁ ရက် နံနက် ၂း၃၀ နာရီ)

ဘီလ်ဘာအိုက ချန်ပီယံလိဂ်မှာ တစ်ပွဲသာ အနိုင်ရသေးတာကြောင့် အမှတ်ပေးဇယားအောက်ပိုင်း ရောက်နေသလို၊ လာလီဂါမှာလည်း အဆင့်(၇)နေရာမှာ ရှိနေပါတယ်။ PSG က ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်ကိုသာ ရှုံးနိမ့်ထားပေမဲ့ ပြင်သစ်လိဂ်မှာ အဝေးကွင်းရလဒ်ဆိုးတချို့ရှိထားတာကြောင့် သတိထားရမယ့်အခြေအနေ ရှိနေပါတယ်။ PSG အသင်း စပိန်မြေမှာ ကပ်နိုင်ရုံလောက်ပဲ ရမယ်ထင်ပါတယ်။

လေဗာကူဆင် - နယူးကာဆယ် (ဒီဇင်ဘာ ၁၁ ရက် နံနက် ၂း၃၀ နာရီ)

ချန်ပီယံလိဂ်မှာ တစ်မှတ်သာကွာဟတဲ့ အသင်းတွေဖြစ်ပြီး လတ်တလောပြည်တွင်းလိဂ် စွမ်းဆောင်ရည်မှာတော့ နယူးကာဆယ်အသင်းက ပိုကောင်းနေပါတယ်။ ထိပ်တိုက်ဆုံတွေ့ဖူးတဲ့ နှစ်ပွဲစလုံးမှာလည်း နယူးကာဆယ်အသင်း အနိုင်ရခဲ့ပါတယ်။ လေဗာကူဆင်ကွင်းဖြစ်ပေမဲ့ နယူးကာဆယ်အသင်း အနိုင်ရဖို့ အလားအလာများပါတယ်။

ဘင်ဖီကာ - နာပိုလီ (ဒီဇင်ဘာ ၁၁ ရက် နံနက် ၂း၃၀ နာရီ)

ဘင်ဖီကာက ပြီးခဲ့တဲ့ပွဲစဉ်မှာမှ ချန်ပီယံလိဂ်နိုင်ပွဲ စရထားတဲ့အသင်းဖြစ်ပြီး နာပိုလီကလည်း ဒီရာသီ ချန်ပီယံလိဂ်မှာ သိပ်မဟန်ပါဘူး။ ဒါပေမဲ့ စီးရီးအေမှာ ရလဒ်တွေကောင်းနေတဲ့ နာပိုလီအသင်းရဲ့ လက်ရှိခြေစွမ်းကို ဘင်ဖီကာအသင်း ယှဉ်နိုင်ဖို့ မလွယ်ပါဘူး။ နာပိုလီကိုပဲ ကြိုက်ပါတယ်။

ကလပ်ဘရုဂေး - အာဆင်နယ် (ဒီဇင်ဘာ ၁၁ ရက် နံနက် ၂း၃၀ နာရီ)

ဒဏ်ရာပြဿနာတွေက အာဆင်နယ်အသင်းကို ဆက်ပြီးထိုးနှက်ဦးမလားဆိုတာ စောင့်ကြည့်ရမယ့်ပွဲပါ။ ပုံမှန်အတိုင်းဆိုရင်တော့ ဒီအသင်းနှစ်သင်းကြား ခြားနားချက်က တော်တော်လေးကြီးမားပါတယ်။ လတ်တလောခြေစွမ်းမှာလည်း ကလပ်ဘရုဂေးအသင်းက ပြည်တွင်းမှာတောင် ရှုံးပွဲတွေ များနေပါတယ်။ အာဆင်နယ်အသင်း အမာခံကစားသမားတချို့ ပါဝင်နိုင်မှာမဟုတ်ပေမဲ့ ရာနှုန်းပြည့်နိုင်ပွဲ ဆက်လက်ရယူနိုင်ပါလိမ့်မယ်။

ရီးယဲလ်မက်ဒရစ် - မန်စီးတီး (ဒီဇင်ဘာ ၁၁ ရက် နံနက် ၂း၃၀ နာရီ)

ဒီပွဲကတော့ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ရီးယဲလ်မက်ဒရစ်နည်းပြ အလွန်ဆိုရဲ့ အနာဂတ်အတွက် အရေးပါနေတဲ့ပွဲပါ။ အိမ်ကွင်းမှာသာ ရှုံးခဲ့ရင် အလွန်ဆို ရာထူးက ထုတ်ပယ်ခံရတော့မယ်လို့ သတင်းထွက်နေတာကြောင့်ပါ။ ဒီအချက်ကို မေ့ထားလိုက်မယ်ဆိုရင်လည်း ထိပ်သီးနှစ်သင်းရဲ့ အားပြိုင်မှုက ရင်ခုန်စရာကောင်းမှာ သေချာနေပါတယ်။ လတ်တလောမှာ ပရီးမီးယားလိဂ်သုံးပွဲဆက် အနိုင်ရထားတဲ့ မန်စီးတီးရဲ့ခြေစွမ်းက ပိုတည်ငြိမ်နေပေမဲ့ ဘာနေဗျူးမှာ ရီးယဲလ်ကို အသာစီးယူနိုင်ဖို့တော့ မလွယ်ပါဘူး။ အမှတ်ခွဲယူရနိုင်တဲ့ပွဲပါ။



အခြားပွဲစဉ်များ

ကာရာဘတ် - အေဂျက်စ်*

ဗီလာရီးယဲလ် - ကိုပင်ဟေဂင်*

* ဒေါ့မွန်- ဘိုဒယ်ဂလင့်

*ဂျူဗင်တပ်စ် - ပါဖိုးစ်

Most Read

Most Recent