မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ ပရီးမီးယားလိဂ်သွင်းဂိုး(၁၀၀) အမြန်ဆုံးပြည့်မြောက်တဲ့ ကစားသမားအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။
မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဖူလ်ဟမ် ၄-၅ မန်စီးတီးပွဲမှာ ဟာလန်းက မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်သွင်းဂိုး(၁၀၀) ပြည့်သွားခဲ့တာဖြစ်ပြီး ဒီအတွက် (၁၁၁)ပွဲသာ ကစားခဲ့ရတာဖြစ်ပါတယ်။
ဒါကြောင့် အရင်က ပရီးမီးယားလိဂ်ဂိုး(၁၀၀) အမြန်ဆုံးသွင်းယူခဲ့တဲ့ အလန်ရှီးယားရဲ့ (၁၂၄)ပွဲစံချိန်ကို ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာပါ။
နော်ဝေတို်က်စစ်မှူး ဟာလန်းဟာ မန်စီးတီးကို ရောက်ရှိလာကတည်းက ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းစံချိန်သစ်တွေ တစ်ခုပြီးတစ်ခု ရယူနေခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ဂိုး(၂၀)၊ ဂိုး(၃၀)၊ ဂိုး(၄၀)နဲ့ ဂိုး(၅၀) မှတ်တိုင်တွေကိုလည်း အမြန်ဆုံးပြည့်မြောက်ခဲ့သူူဖြစ်ပါတယ်။
ဟာလန်းဟာ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်ကလပ်အသင်း(၂၃)သင်းနဲ့ ဆုံတွေ့ခဲ့ပြီးချိန်မှာ ပြိုင်ဘက်တိုင်းကို ဂိုးသွင်းနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။
ဟာလန်းဟာ ပရီးမီးယားလိဂ်မှာ ဂိုး(၁၀၀)ပြည့်သွင်းယူနိုင်တဲ့ (၃၅)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။















