■ ကိုပါအီတာလီယာ ၁၆ သင်းအဆင့် ပွဲကြိုသုံးသပ်ချက်

■ ကိုပါအီတာလီယာ ၁၆ သင်းအဆင့် ပွဲကြိုသုံးသပ်ချက်
Photo: Juventus
Photo: Juventus
Published 2 December 2025

♦ ဂျူဗင်တပ်စ် - အူဒီးနီးစ် (ဒီဇင်ဘာ ၃ ရက် နံနက် ၂း၃၀ နာရီ)

သရေပွဲတွေဆက်နေတဲ့ အခြေအနေကို နှစ်ပွဲဆက်အနိုင်ကစားပြီးတော့ ဂျူဗင်တပ်စ်အသင်း ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ ဒါပေမဲ့ နှစ်ပွဲစလုံး ပြိုင်ဘက်တွေရဲ့ ဦးဆောင်မှုကြောင့် နောက်ကလိုက်ကစားခဲ့ရပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ နိုင်ပွဲရခဲ့တာပါ။ 

အူဒီးနီးစ်က အဝေးကွင်း နောက်ဆုံးငါးပွဲမှာ တစ်ပွဲပဲ အနိုင်ရထားတယ်။ အင်အားချင်းကွာခြားလို့ ဂျူဗင်တပ်စ်အသင်းပဲ နောက်တစ်ဆင့်တက်မှာပါ။ ဂိုးတော့နည်းနိုင်တယ်။

Photos: Teams' Facebook

Most Read

Most Recent