ဆောင်ခလာမြို့မှာ ရေကြီးနေတာကြောင့် ယင်းမြို့မှာကျင်းပမယ့် ဆီးဂိမ်းစ်အားကစားနည်းတွေကို ဘန်ကောက်မြို့မှာ ပြောင်းလဲကျင်းပမယ်

ဆောင်ခလာမြို့မှာ ရေကြီးနေတာကြောင့် ယင်းမြို့မှာကျင်းပမယ့် ဆီးဂိမ်းစ်အားကစားနည်းတွေကို ဘန်ကောက်မြို့မှာ ပြောင်းလဲကျင်းပမယ်
Photo: X
Photo: X
Published 28 November 2025

၃၃ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ထိုင်းနိုင်ငံအနေနဲ့ ဘန်ကောက်၊ ချင်းမိုင်နဲ့ ဆောင်ခလာမြို့တွေမှာ ကျင်းပဖို့ စီစဉ်ထားပေမဲ့ ဆောင်ခလာမြို့မှာ ရေကြီးမှုတွေဖြစ်ပါ်နေတာကြောင့် ယင်းမြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အားကစားနည်း ၁၀ မျိုးကို ဘန်ကောက်မြို့မှာ ပြောင်းရွှေ့ကျင်းပမယ်လို့ သိရပါတယ်။

ဆောင်ခလာမြို့မှာ ကျင်းပမယ့် ဘောလုံးကွင်းတွေနဲဲ့ အားကစားရုံတွေ ရေကြီးနေပြီး ပြိုင်ပွဲအမီ ပြန်လည်ကောင်းမွန်ဖွယ်မရှိတာကြောင့် ပြိုင်ပွဲကျင်းပရေးအနေနဲ့ နေရာပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

ဆောင်ခလာမြို့မှာ ကျင်းပမယ့် အားကစားနည်းတွေထဲမှာ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (B) ပွဲစဉ်တွေ ပါဝင်နေပြီး တခြားကွင်းတစ်ကွင်းကို ပြောင်းလဲကျင်းပရမှာပါ။

ဆောင်ခလာမြို့မှာ ကျင်းပမယ့် တခြားအားကစားနည်းများတွေကတော့ မွေလက်ဝှေ့၊ ပန်ကြပ်ဆီလတ်၊ စစ်တုရင်၊ ဂျူဒို၊ ကရာတေး၊ Kabaddi၊ နပန်း၊ ပီတန်း၊ ဝူရှူးအားကစားနည်းတို့ဖြစ်ပါတယ်။

အဲဒီအားကစားနည်းအားလုံး ဘန်ကောက်မြို့မှာ ပြောင်းလဲကျင်းပမှာဖြစ်ပြီး ကျင်းပမယ့် နေရာတွေကို ပြန်လည်အတည်ပြုမယ်လို့ သိရပါတယ်။

ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲကို ဒီဇင်ဘာ ၃ ရက်ကနေ ၂၀ ရက်အထိ ကျင်းပမှာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၉ ရက်မှာ ပြုလုပ်မှာပါ။ 

Most Read

Most Recent