မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပနေတဲ့ ၂၀၂၆ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ အုပ်စု(G) စတုတ္ထနေ့ကို ဒီနေ့ ဆက်လက်ကျင်းပမှာဖြစ်ပြီး မြန်မာနဲ့ အိုမန်အသင်းတို့အတွက် ခြေစစ်ပွဲအောင်မြင်ရေး အရေးပါတဲ့ပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
အုပ်စုတတိယနေ့အပြီးမှာ အိုမန်နဲ့ မြန်မာအသင်းက နှစ်ပွဲကစား ခြောက်မှတ်စီ၊ ဆီးရီးယားအသင်းက သုံးပွဲကစား ခြောက်မှတ်ရထားပြီး နှစ်ပွဲကစားထားတဲ့ အာဖဂန်နစ္စတန်နဲ့ သုံးပွဲကစားထားတဲ့ နီပေါအသင်းတို့ကတော့ အမှတ်မရသေးပါဘူး။
မြန်မာအသင်းဟာ အိုမန်အသင်းထက် ဂိုးကွာခြားချက်နည်းနေတာကြောင့် ဒီနေ့ကစားမယ့် အိုမန်နဲ့ပွဲမှာ အနိုင်ကစားနိုင်မှသာ ခြေစစ်ပွဲအောင်မြင်ဖို့ ဆက်လက်မျှော်လင့်နိုင်မှာဖြစ်ပြီး နောက်ဆုံးပွဲအဖြစ် ဆီးရီးယားအသင်းနဲ့ ကစားရမှာပါ။
ခြေစစ်ပွဲကို အုပ်စု ခုနစ်ခု ခွဲခြားကျင်းပနေပြီး အုပ်စုတစ်ခုစီက ထိပ်ဆုံးတစ်သင်းစီသာ ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။
မြန်မာ - အိုမန်ပွဲကို ဒီနေ့ မြန်မာစံတော်ချိန် ညနေ (၄းဝ၀)နာရီမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး MRTV ကနေ ထုတ်လွှင့်ပြသမယ်လို့ သိရပါတယ်။















