ဗင်နီစီယပ်စ်ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ရီးယဲလ်အသင်း သဘောတူညီမှုရရှိထားကြောင်း သတင်းထွက်

ဗင်နီစီယပ်စ်ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ရီးယဲလ်အသင်း သဘောတူညီမှုရရှိထားကြောင်း သတင်းထွက်
Photo: X
Photo: X
Published 24 November 2025

ရီးယဲလ်မက်ဒရစ်အသင်းဟာ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိထားကြောင်း စပိန်သတင်းစာ AS က ဖော်ပြခဲ့ပါတယ်။

ဗင်နီစီယပ်စ်(၂၅ နှစ်)ဟာ ရီးယဲလ်အသင်းရဲ့ အဓိကကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသူဖြစ်ပေမဲ့ အပြောင်းအရွှေ့သတင်းတွေ မကြာခဏထွက်ပေါ်လေ့ရှိပြီး ဆော်ဒီလိဂ်က မြင့်မားတဲ့ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူဖို့ အသင့်ရှိနေကြောင်းလည်း သိရပါတယ်။

ရီးယဲလ်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ဗင်နီစီယပ်စ်က ရီးယဲလ်အသင်းမှာ ဆက်ရှိလိုပေမဲ့ အသင်းရဲ့လစာအများဆုံးကစားသမား ဖြစ်လာစေမယ့် လစာနှုန်းထားမျိုး အလိုရှိနေကြောင်း သိရပါတယ်။

ဒါကြောင့် ရီးယဲလ်အသင်းက ဗင်နီစီယပ်စ်ကို ရောင်းထုတ်ဖို့ အလားအလာများနေတယ်လို့ ထင်ကြေးပေးမှုတွေ ထွက်ပေါ်ခဲ့ပေမဲ့ AS ကတော့ စာချုပ်သစ်အတွက် သဘောတူညီမှုရရှိထားပြီလို့ ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။

ဗင်နီစီယပ်စ်ကို ဆော်ဒီကလပ်အသင်းတွေအပြင် PSG နဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အခြေအနေကို စောင့်ကြည့်နေကြောင်း သိရပါတယ်။

Most Read

Most Recent