ကစားသမားဘဝ (၉၅၄)ဂိုးမြောက်ကို Bicycle Kick နဲ့ စီရော်နယ်လ်ဒို သွင်းယူ

ကစားသမားဘဝ (၉၅၄)ဂိုးမြောက်ကို Bicycle Kick နဲ့ စီရော်နယ်လ်ဒို သွင်းယူ
Photo: X
Photo: X
Published 24 November 2025

အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ ကစားသမားဘဝ (၉၅၄)ဂိုးမြောက်ကို Bicycle Kick နဲ့ သွင်းယူခဲ့ကြောင်း သိရပါတယ်။

စီရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်ခါလိချ်အသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲမှာ နောက်ဆုံးဂိုးကို Bicycle Kick နဲ့ သွင်းယူခဲ့ခြင်းဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ အသက်(၄၀)ကျော်နေပြီဖြစ်တာကြောင့် ဒီလိုကန်ချက်နဲ့ ဂိုးသွင်းယူနိုင်ခြင်းအတွက် ချီးကျူးမှုတွေရှိခဲ့သလို၊ ရီးယဲလ်အသင်းအတွက် သွင်းယူခဲ့တဲ့ဂိုးနဲ့လည်း နှိုင်းယှဉ်ဖော်ပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

စီရော်နယ်လ်ဒိုအနေနဲ့ အသက်(၃၀)ကျော်အရွယ်မှာ Bicycle Kick နဲ့ ဂိုးသွင်းယူမှု (၄)ကြိမ်ရှိခဲ့တဲ့အနက် (၃၉)နှစ်အထက်မှာ သွင်းယူခဲ့တာ (၂)ကြိမ်ရှိကြောင်းလည်း သိရပါတယ်။

ကစားသမားဘဝ သွင်းဂိုး(၁၀၀၀)ပြည့်မြောက်ဖို့ ရည်မှန်းထားတဲ့ စီရော်နယ်လ်ဒိုဟာ လက်ရှိအချိန်မှာ (၉၅၄)ဂိုး သွင်းယူထားနိုင်ပြီဖြစ်တာကြောင့် ကစားသမားဘဝက အနားမယူခင် သူ့ရဲ့ရည်မှန်းချက်ပြည့်မြောက်ဖို့ အလားအလာကောင်းနေပါတယ်။

Most Read

Most Recent