ပြင်သစ်လီဂူး၊ ဘွန်ဒစ်လီဂါနှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်

ပြင်သစ်လီဂူး၊ ဘွန်ဒစ်လီဂါနှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 21 November 2025

နိုက်စ် နှင့် မာဆေးလ် (မြန်မာစံတော်ချိန် စနေနံနက် ၂း၁၅ နာရီ)

နိုက်စ်က နောက်ဆုံးသုံးပွဲဆက် ရှုံံးနိမ့်ခဲ့ပြီး ရုန်းကန်ခဲ့ရပါတယ်။ နိုင်ငံတကာရက်သတ္တပတ်က နိုက်စ်အသင်းအတွက် ပြင်ဆင်ချိန်ဖြစ်ခဲ့သလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဒါပေမဲ့ ရင်ဆိုင်ရမှာက ချန်ပီယံပြေးလမ်းပေါ်က မာဆေးလ် ဖြစ်နေတာကြောင့် မျှော်လင့်ဖို့ မလွယ်ပါဘူး။ နိုက်စ်ကွင်းမှာ မာဆေးလ် ခက်ခဲတတ်ပေမဲ့ ဒီပွဲမှာတော့ မာဆေးလ်ကိုပဲ ကြိုက်ပါတယ်။

မိန့်ဇ် နှင့် ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် စနေနံနက် ၂းဝ၀ နာရီ)

မိန့်ဇ်က တန်းဆင်းဇုန်ထဲရောက်နေပြီး ဟော်ဖန်ဟင်မ်က ဇယားအထက်ပိုင်းမှာ ရှိနေပါတယ်။ လတ်တလောခြေစွမ်းမှာလည်း ဟော်ဖန်ဟင်မ်က ပြိုင်ပွဲစုံ သုံးပွဲဆက် အနိုုင်ရထားပါတယ်။ ဒါပေမဲ့ မိန့်ဇ်က ဟော်ဖန်ဟင်မ်ကို အိမ်ကွင်းလေးပွဲဆက် အနိုင်ရထားတဲ့ မှတ်တမ်းရှိနေပါတယ်။ အမှတ်ခွဲယူရနိုင်တဲ့ပွဲပါ။

ဗလင်စီယာ နှင့် လီဗန်တေး (မြန်မာစံတော်ချိန် စနေနံနက် ၂း၃၀ နာရီ)

အမှတ်ပေးဇယားအောက်ခြေက နှစ်သင်း အမှတ်လုရမယ့်ပွဲဖြစ်ပြီး နောက်ဆုံးငါးပွဲမှာ တစ်ပွဲစီသာ အနိုင်ရထားတဲ့အသင်းတွေပါ။ ဗလင်စီယာကလည်း အိမ်ကွင်းမှာတောင် ယုံစားလို့မရတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။ သရေလို့ပဲ ထင်ပါတယ်။

Most Read

Most Recent