ပေါ်တူဂီနဲ့ နော်ဝေတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ထပ်မံအောင်မြင်

ပေါ်တူဂီနဲ့ နော်ဝေတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ထပ်မံအောင်မြင်
Photo: X
Photo: X
Published 17 November 2025

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲတွေမှာ ပေါ်တူဂီနဲ့ နော်ဝေတို့ ခြေစစ်ပွဲထပ်မံအောင်မြင်ခဲ့ကြောင်း သိရပါတယ်။

ပေါ်တူဂီအသင်းက အာမေးနီးယားအသင်းကို (၉-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် အိုင်ယာလန်ကို သုံးမှတ်ဖြတ်ကာ ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီး နော်ဝေက အီတလီကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် (၆)မှတ်ဖြတ်ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။

ပေါ်တူဂီအသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲကို (၇)ကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့်ရရှိတာဖြစ်ပြီး နော်ဝေအသင်းကတော့ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ပြန်ရလာခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရတဲ့အသင်း (၃၂)သင်း အဖြေပေါ်ခဲ့ပြီဖြစ်ပြီး ဥရောပဇုန်က ခြေစစ်ပွဲအောင်တဲ့အသင်းကတော့ (၅)သင်းရှိလာခဲ့ပါပြီ။ 

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရောပဇုန်က ဝင်ခွင့်ခွဲတမ်း (၁၆)နေရာ ရရှိထားတာကြောင့် နောက်ထပ် တိုက်ရိုက်ခြေစစ်ပွဲအောင်မယ့်အသင်း (၇)သင်းနဲ့ Play-offs ကနေ ခြေစစ်ပွဲအောင်မယ့်အသင်း (၄)သင်း ထွက်ပေါ်လာမှာဖြစ်ပါတယ်။

Most Read

Most Recent