ချာလိုဘာနဲ့ ဂျိမ်းစ်ထရက်ဖို့ဒ်တို့ကို အင်္ဂလန်အသင်း ခေါ်ယူ

ချာလိုဘာနဲ့ ဂျိမ်းစ်ထရက်ဖို့ဒ်တို့ကို အင်္ဂလန်အသင်း ခေါ်ယူ
Photo: X
Photo: X
Published 12 November 2025

အင်္ဂလန်လက်ရွေးစင်အသင်းဟာ အသင်းလူစာရင်းကနုတ်ထွက်သွားတဲ့ ကစားသမားတွေရဲ့နေရာမှာ မန်စီးတီးဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်နဲ့ ချယ်လ်ဆီးနောက်ခံလူ ချာလိုဘာတို့ကို အစားထိုးခေါ်ယူခဲ့ကြောင်း သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ သောမတ်စ်တူဟယ်လ်ဟာ အခုရက်ပိုင်းအတွင်း ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲအတွက် ကစားသမား(၂၅)ဦး ရွေးချယ်ခဲ့ပေမဲ့ နယူးကာဆယ် ဂိုးသမား နစ်ပုပ်နဲ့ တိုက်စစ်ကစားသမား ဂေါ်ဒွန်တို့က ဒဏ်ရာပြဿနာတွေကြောင့် နုတ်ထွက်သွားခဲ့ပါတယ်။

ဒါကြောင့် အစားထိုးခေါ်ယူမှု ပြုလုပ်ခဲ့တာဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ဂူဟီကတော့ ဒဏ်ရာရှိနေပေမဲ့ လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းခဲ့ကြောင်း သိရပါတယ်။

ချာလိုဘာ(၂၆ နှစ်)ဟာ သောမတ်စ်တူဟယ်လ်လက်ထက်မှာမှ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် စတင်ရွေးချယ်ခြင်းခံခဲ့ရသူဖြစ်သလို၊ ချယ်လ်ဆီးအသင်းမှာ စတင်ပွဲထွက်ခွင့်ရခဲ့တာကလည်း သောမတ်စ်တူဟယ်လ် ကိုင်တွယ်စဉ်မှာပဲဖြစ်ကြောင်း သိရပါတယ်။

ဂျိမ်းစ်ထရက်ဖို့ဒ်ကတော့ ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် ပဏာမလူရွေးချယ်ရာမှာ ပါဝင်ခဲ့ဖူးသူဖြစ်ပြီး လက်ရှိအချိန်အထိတော့ လက်ရွေးစင်အသင်းအတွက် ကစားခွင့်မရသေးပါဘူး။

Most Read

Most Recent