၂၀၂၅ ခုနှစ်ရဲ့ တန်ဖိုးအကြီးဆုံးဆယ်ကျော်သက်ကစားသမား(၁၀)ဦးစာရင်းမှာ ဘာစီလိုနာ၊ ရီးယဲလ်နဲ့ အာဆင်နယ်ကစားသမား နှစ်ဦးစီ ပါဝင်

၂၀၂၅ ခုနှစ်ရဲ့ တန်ဖိုးအကြီးဆုံးဆယ်ကျော်သက်ကစားသမား(၁၀)ဦးစာရင်းမှာ ဘာစီလိုနာ၊ ရီးယဲလ်နဲ့ အာဆင်နယ်ကစားသမား နှစ်ဦးစီ ပါဝင်
Photo: X
Photo: X
Published 10 November 2025

၂၀၂၅ ခုနှစ်ရဲ့ တန်ဖိုးအကြီးဆုံးဆယ်ကျော်သက်ကစားသမားစာရင်းကို CIES က ထုတ်ပြန်ခဲ့ရာ ဘာစီလိုနာတိုုက်စစ်ကစားသမား ယမားလ်က တန်ဖိုးအကြီးဆုံးဖြစ်ခဲ့ပြီး ထိပ်ဆုံး(၁၀)ဦးစာရင်းမှာ ဘာစီလိုနာ၊ ရီးယဲလ်နဲ့ အာဆင်နယ်ကစားသမားနှစ်ဦးစီ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

CIES က စပိန်ကစားသမား ယမားလ်ရဲ့ တန်ဖိုးကို ပေါင်(၃၀၈)သန်းလို့ သတ်မှတ်ခဲ့ပြီး ဒုတိယတန်ဖိုး အကြီးဆုံးဆယ်ကျော်သက်ကတော့ ချယ်လ်ဆီးအသင်းက ဘရာဇီးလ်တိုက်စစ်ကစားသမား အက်စတီဗာအို ဖြစ်ပါတယ်။

ဒါပေမဲ့ အက်စတီဗာအိုရဲ့ တန်ဖိုးက ပေါင်(၁၀၄)သန်းသာဖြစ်တာကြောင့် ယမားလ်က ဒုတိယနေရာက ကစားသမားထက် သုံးဆလောက် တန်ဖိုးကြီးနေကြောင်းလည်း တွေ့ရပါတယ်။

သူတို့နောက်မှာတော့ ကူဘာဆီ(ဘာစီလိုနာ)က ပေါင်(၉၉)သန်း၊ မက်စတန်တူနို(ရီးယဲလ်)က ပေါင်သန်း(၉၀)၊ ဇိုင်ရာအမ်မရီ(PSG)က ပေါင်(၈၁)သန်း၊ နွမ်နရီ(အာဆင်နယ်)က ပေါင်(၇၈)သန်း၊ စကယ်လီ(အာဆင်နယ်)က ပေါင်(၇၅)သန်း၊ ကယ်ဒါ(စပို့တင်းလစ္စဘွန်း)က ပေါင်(၇၁)သန်း၊ အန်းဒရစ်(ရီးယဲလ်)က ပေါင်(၆၄)သန်း၊ ဘာ့ဂ်ဗောလ်(စပါး)က ပေါင်သန်း(၆၀)နဲ့ အစဉ်လိုက်ရပ်တည်နေပါတယ်။

စပို့တင်းလစ္စဘွန်းက ပေါ်တူဂီညာတောင်ပံကစားသမား ကယ်ဒါဟာ ၂၀၂၆ နွေရာသီမှာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်းလည်း သိရပါတယ်။ 

Most Read

Most Recent