တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ပိတ်ပွဲ အခမ်းအနားကို နိုဝင်ဘာလ (၈) ရက် ညနေပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ညနေပိုင်း ၆ နာရီခွဲ အချိန်တွင် ပြိုင်ပွဲမီးပုံးပျံ အဖွဲ့အလိုက် ဆုပေးပွဲကျင်းပပြုလုပ်ကာ၊ တိုင်းရင်းသား တို့၏ ရိုးရာ အကအလှ များဖြင့် ဖျော်ဖြေ တင်ဆက်ကြပြီး မီးပုံးငယ်များ ပြိုင်တူလွှတ်တင်ကာ မီးရှူးမီးပန်း များ ပစ်ဖောက်ကာ ပိတ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ညမီးကြီး 25 ပေ 40 ပိဿာ တွင် ပထမဆု - ပီတိမီး ဒုတိယဆု - ဆတ်ဝှေ့ တတိယဆု - ရွှေဇုန်မီး စတုတ္ထဆု - တောင်ပိုင်း ပဉ္စမဆု - လွိုင်ခမ်း တို့ ဖြစ်ကြသည်။
စိန်နားပန် ပထမဆု - ရွှေကူး ဒုတိယဆု - ဇွဲလူငယ် တတိယဆု - လင်းလက် စတုတ္ထဆု - ကောင်းကင်
ပဉ္စမဆု - လင်းယုန် မီး တို့ ဖြစ်ကြသည်။
ညမီးကြီး ၂၂ ပေ ၂၇ ပိဿာ တွင် ပထမဆု - Shan United FC မီး ဒုတိယဆု - အားသစ် တတိယဆု - စိုင်းနောင့် စတုတ္ထဆု - MAI ပဉ္စမဆု - Thiha City Square တို့ဖြစ်ကြောင်း သိရသည်။















