♦ စပါး - မန်ယူနိုက်တက် (ည ရးဝဝ နာရီ)
မန်ယူအသင်းက သုံးပွဲဆက် အနိုင်ရနေရာက နော်တင်ဟမ်နဲ့ပွဲမှာ နိုင်ပွဲတွေ ရပ်တန့်ခဲ့ရပါတယ်။ ဒါပေမဲ့ အသင်းရဲ့ကစားပုံက လမ်းကြောင်းမှန်ပေါ် ရောက်လာပြီဆိုတာ မြင်တွေ့နေရပါတယ်။ စပါးကတော့ သူတင်ကိုယ်တင်ကစားရမယ့်ပွဲတွေမှာ
အစမ်းသပ်မခံနိုင်သေးဘူးလို ဆိုရမှာပါ။ ဒါပေမဲ့ စပါးနဲ့ ထိပ်တိုက်ဆုံတွေ့တဲ့ပွဲတွေမှာ မန်ယူအသင်း အခက်တွေ့တတ်တာကြောင့် သရေကျနိုင်ပါတယ်။
♦ ဆန်းဒါးလန်း - အာဆင်နယ် (ည ၁၂းဝဝ နာရီ)
ပြိုင်ပွဲစုံ ၁၀ ပွဲဆက်တိုက် အနိုင်ရထားတဲ့ အာဆင်နယ်အသင်းကို ဆန်းဒါးလန်းအသင်း ရပ်တန့်နိုင်ပါ့မလား။ ဆန်းဒါးလန်းအသင်းက အဆင့်လေးနေရာရောက်တဲ့အထိ ပုံစံကောင်းပြသနေတာကြောင့် အာဆင်နယ်အသင်း ဂရုစိုက်ဖိုတော့ လိုပါတယ်။
ဒါပေမဲ့ အာဆင်နယ်အသင်း နိုင်ပွဲနဲ့ လွဲဖိုတော့ မရှိပါဘူး။ နှစ်သင်းစလုံးက ခံစစ်ကို အလေးပေးကစားကြမှာဖြစ်တာကြောင့် ဂိုးတော့ နည်းနိုင်ပါတယ်။
♦ ချယ်လ်ဆီး - ဝုလ်ဗ် (နိုဝင်ဘာလ ၉ ရက် နံနက် ၂း၃၀ နာရီ)
အမှတ်ပေးဇယားအောက်ဆုံးရောက်နေတဲ့ ဝုလ်ဗ်အသင်းက နည်းပြအပြောင်းအလဲတောင် လုပ်ထားရပါတယ်။ ဒီလိုဆိုးရွားနေတဲ့ အခြေအနေမှာ စတမ်းဖိုဒ်ဘရစ်ချ်ကွင်းထဲ ဂိုးပြတ်မရှုံးနိမ့်ဖို့ပဲ ဆုတောင်းရမှာပါ။ ဒီနှစ်သင်းတွေ့ရင် အပြန်အလှန်ဂိုးတွေ
မြင်တွေ့ရတတ်တဲ့ အစဉ်အလာကိုတော့ ဒီပွဲမှာ ထပ်ပြီးမြင်တွေ့ရဖို ရှိနေပါတယ်။ ချယ်လ်ဆီးအသင်း အနိုင်သေချာတဲ့ပွဲပါပဲ။
♦ အခြားပွဲစဉ်များ
*အဲဗာတန် - ဖူလ်ဟမ်
*ဝက်စ်ဟမ်း - ဘန်လေ















