■ ရန်ကုန်မြို့တွင် Wifi လိုင်း ပြတ်တောက်မှုများ သုံးရက်ကြာသည်အထိ အဆင်ပြေမှု မရရှိသေး

■ ရန်ကုန်မြို့တွင် Wifi လိုင်း ပြတ်တောက်မှုများ သုံးရက်ကြာသည်အထိ အဆင်ပြေမှု မရရှိသေး
Published 3 November 2025

ရန်ကုန်မြို့တွင် Wifi လိုင်း ပြတ်တောက်မှုများ သုံးရက်ကြာသည်အထိ အဆင်ပြေမှု မရရှိသေးကြောင်း Wifi အသုံးပြုသူများထံမှ သိရသည်။

နိုဝင်ဘာ ၁ ရက်မှစတင်ဖြစ်ပေါ်သည့် Wifi လိုင်း နှေးကွေး ပြတ်တောက်မှုများသည် နိုဝင်ဘာ ၃ ရက်အထိ ကောင်းကောင်းအသုံပြု၍ မရသေးကြောင်း Wifi အသုံးပြုသူများထံမှ သိရသည်။

“ကျွန်တော်တို့ဆို အခုထိ ဖုန်းဘေလ်အင်တာနက်ပဲ သုံးနေရတယ်။ အိမ်မှာ Wifi ရှိထားပြီး လိုင်းက နှေးနေတော့ ဖုန်းဘေလ်ပဲ ဝယ်သုံးနေရတယ်” ဟု ရန်ကုန်မြို့ရှိ Wifi အသုံးပြုသူတစ်ဦးက ပြောကြားသည်။

အဆိုပါ Wifi လိုင်းများ နှေးကွေးခြင်းနှင့်ပတ်သက်၍ Mahar NET က ၎င်းတို့နှင့် ချိတ်ဆက်ထားသော International Main Uplink Network သည် ပင်လယ်ရေအောက် သွယ်တန်းထားသော ဖိုင်ဘာကြိုးများ ပြတ်တောက်မှုများကြောင့် လတ်တလောအချိန်များတွင် Backup Link များဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ မဟာနက်အသုံးပြုသူ Customers များအနေဖြင့် မီးနီလင်းခြင်းများမဖြစ်ပေါ်ဘဲ မီးစိမ်းသုံးလုံးလင်းပြီး လိုင်းသုံးရန်အဆင်မပြေမှုများနှင့် ယာယီအင်တာနက်လိုင်းနှေးကွေးခြင်းများ ဆက်လက်ဖြစ်ပေါ်နေကြောင်း နိုဝင်ဘာ ၃ ရက်က အသိပေးထုတ်ပြန်ထားသည်။

အလားတူ Mahar NET အနေဖြင့် အမြန်ဆုံးပြန်လည်ကောင်းမွန်အဆင်ပြေစေရေးကို ကြိုးစားဆောင်ရွက်လျက်ရှိပါသောကြောင့် Customers များမှ စိတ်ရှည်သည်းခံစွာဖြင့်ဆက်လက် စောင့်ဆိုင်းပေးပါရန် မေတ္တာရပ်ခံပန်ကြားအပ်ကြောင်း၊ သို့သော် အကြောင်းအမျိုးမျိုးကြောင့် Fiber Cable ကြိုးပြတ်တောက်မှုများနှင့် မီးနီလင်းခြင်းများ စသော Complaints များအတွက် Mahar NET အနေဖြင့် ပုံမှန်အတိုင်းဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ Customers များမှလည်း မီးနီလင်းခြင်းများအတွက် ရုံးဘက်သို့အကြောင်းကြားကာ Complaint များ တင်နိုင်ကြောင်း Mahar NET က ထုတ်ပြန်ထားသည်။

Most Read

Most Recent