ထိုင်းအာဏာပိုင်များက တရားမဝင်စက်ရုံများမှ Hong Thai ရှူဆေးဘူး နှစ်သန်းကျော် သိမ်းဆည်းရမိ

ထိုင်းအာဏာပိုင်များက တရားမဝင်စက်ရုံများမှ Hong Thai ရှူဆေးဘူး နှစ်သန်းကျော် သိမ်းဆည်းရမိ
Published 31 October 2025

ထိုင်းအာဏာပိုင်များက တရားမဝင် စက်ရုံများမှ Hong Thai ရှူဆေးဘူးနှစ်သန်း ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ဒေသခံမီဒီ ယာတွင် အောက်တိုဘာ ၃၁ ရက်ကဖော်ပြ ထားသည်။

ထိုင်းနှင့်မြန်မာနိုင်ငံတို့တွင်အသုံးများနေသည့် Hong Thai ရှူဆေးဘူးများ  သည်ကျန်းမာရေး အရည်အသွေးစစ်ဆေးမှု  မအောင်မြင်ခဲ့သည့်အတွက် ၎င်း၏ထုတ်ကုန် များကို ပြန်သိမ်းရန် ကုမ္ပဏီက ထုတ်ပြန်ခဲ့ပြီး နောက် ရက်အနည်းငယ်အကြာတွင် ယခုကဲ့ သို့ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

Hong Thai Herbal ဆေးကုမ္ပဏီသည်ဘန်ကောက် ရှိ စက်ရုံတစ်ရုံအတွက် ထုတ်လုပ်မှု လိုင်စင်တင်ထားသော်လည်း နောက်ထပ်စက်ရုံတစ် ရုံတွင်မူ FDA ထောက်ခံချက်မပါဘဲရှူဆေး ဘူးများထုတ်လုပ်နေကြောင်း ရဲတပ်ဖွဲ့ကစုံ စမ်းသိရှိခဲ့သည်။

FDA က ဘန်ကောက်မြို့ရှှိ တရားမဝင်ထုတ် လုပ်သည့်နေရာလေးနေရာ နှင့် သိုလှောင်ရုံ များကို ဝင်ရောက်စီးနင်းခဲ့ပြီး  ဘတ်သန်း ၁၀၀ ကျော်(ဒေါ်လာ ၃ ဒသမ ၀၉ သန်း)တန်ဖိုးရှိ Formular 2 ရှူဆေးဘူး များအပါအဝင် ထုတ်ကုန်ပေါင်း ၂ ဒသမ ၃ သန်းကျော်ကို သိမ်းဆည်းရမိခဲ့သည်ဟုထုတ် ပြန်ထားသည်။                           Ref;CNA

Most Read

Most Recent