၂၀၂၅ ရာသီ မေဂျာလိဂ်ပြိုင်ပွဲမှာ လစာအသုံးစရိတ်အများဆုံးအဖြစ် အင်တာမိုင်ယာမီအသင်းက ရပ်တည်နေကြောင်း သိရပါတယ်။
၂၀၂၅ ရာသီအတွက် လစာအသုံးစရိတ်စာရင်းကို အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အင်တာမိုင်ယာမီအသင်းက ဒေါ်လာ ၄၈ ဒသမ ၉၇ သန်းဖြင့် ထိပ်ဆုံးနေရာရပ်တည်ခဲ့ပါတယ်။
အင်တာမိုင်ယာမီရဲ့နောက်မှာ LAFC အသင်းက ဒေါ်လာ ၃၀ ဒသမ ၁ သန်း၊ အတ္တလန္တာယူနိုက်တက်အသင်းက ဒေါ်လာ ၂၈ ဒသမ ၄၈ သန်း၊ စင်စင်နာတီအသင်းက ဒေါ်လာ ၂၃ ဒသမ ၁၉ သန်း၊ ရှီကာဂိုဖိုင်းယားအသင်းက ဒေါ်လာ ၂၃ ဒသမ ၁၁ သန်းဖြင့် ရပ်တည်လျက်ရှိပါတယ်။
ကစားသမားတစ်ဦးချင်းစာရင်းမှာတော့ အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီက ဒေါ်လာ ၂၀ ဒသမ ၄ သန်းဖြင့် အများဆုံးရရှိနေပြီး LAFC တိုက်စစ်ကစားသမား ဆွန်ဟောင်မင်က ဒေါ်လာ ၁၁ ဒသမ ၂ သန်း ဖြင့် ဒုတိယနေရာ ရပ်တည်နေကြောင်း သိရပါတယ်။
လစာအများဆုံးကစားသမား(၁၀)ဦးစာရင်းမှာ အင်တာမိုင်ယာမီကစားသမား(၃)ဦးပါဝင်ပြီး အများဆုံးအဖြစ် ရပ်တည်ခဲ့ကြောင်းလည်း သိရပါတယ်။
လစာအသုံးစရိတ်အများဆုံး ၁၀ သင်း
အဆင့် အသင်း အသုံးစရိတ်
၁ အင်တာမိုင်ယာမီ ၄၈.၉၇ သန်း
၂ LAFC ၃၀.၁ သန်း
၃ အတ္တလန္တာယူနိုက်တက် ၂၈.၄၈ သန်း
၄ စင်စင်နာတီ ၂၃.၁၉ သန်း
၅ ရှီကာဂိုဖိုင်းယား ၂၃.၁၁ သန်း
၆ နက်ရှ်ဗီလ် ၂၂.၄၄ သန်း
၇ ပို့တ်လန်းတင်ဘာ ၂၂.၄၄ သန်း
၈ LA ဂလက်ဆီ ၂၂.၂၆ သန်း
၉ ဆန်ဒီယေဂို ၂၂.၂၅ သန်း
၁၀ နယူးယောက်ရက်ဘူးလ် ၂၂.၀၇ သန်း















