စပယ်လက်တီကို နည်းပြသစ်အဖြစ် ဂျူဗင်တပ်စ်အသင်း ခန့်အပ်

စပယ်လက်တီကို နည်းပြသစ်အဖြစ် ဂျူဗင်တပ်စ်အသင်း ခန့်အပ်
Photo: Juventus
Photo: Juventus
Published 31 October 2025

ဂျူဗင်တပ်စ်အသင်းဟာ အီတလီလက်ရွေးစင်နည်းပြဟောင်း စပယ်လက်တီကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ခရိုအေးရှားနည်းပြ တူဒေါကို ရာထူးက ထုတ်ပယ်ခဲ့ပြီး အီတလီနည်းပြ စပယ်လက်တီကို ပြန်လည်အစားထိုးခန့်အပ်ခဲ့တာပါ။

အသက်(၆၆)နှစ်ရှိပြီဖြစ်တဲ့ စပယ်လက်တီဟာ အီတလီလက်ရွေးစင်အသင်းနဲ့အတူ အီတလီကလပ်အသင်းများစွာနဲ့ ရုရှားကလပ် ဇင်းနစ်အသင်းကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ကလပ်ကတော့ နာပိုလီပါ။ 

နာပိုလီအသင်းကို ကိုင်တွယ်ချိန်က စီးရီးအေချန်ပီယံဆု ရယူနိုင်ခဲ့သလို၊ နာပိုလီဟာ သူ့ရဲ့နောက်ဆုံးကလပ်အသင်းဖြစ်ကြောင်းနဲ့ အီတလီမှာ တခြားကလပ်အသင်းကို ကိုင်တွယ်ဖွယ်မရှိတော့ကြောင်း ပြောကြားခဲ့ဖူးပေမဲ့ အခု ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းက စပယ်လက်တီကို ရာသီကုန်အထိသာ စာချုပ်ချုပ်ဆိုခဲ့ပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ခဲ့ရင် ဆက်ပြီးစာချုပ်ချုပ်ဆိုမယ့် သဘောတူညီချက်ပါဝင်ကြောင်း သိရပါတယ်။

Most Read

Most Recent