◘ ဘာစီလိုနာ - အိုလံပီယာကော့စ် (ည ၁၁း၁၅ နာရီ)
နှစ်ပွဲဆက် ရှုံးနိမ့်မှုကို ဂျီရိုနာနဲ့ပွဲမှာ ဘာစီလိုနာအသင်း ရပ်တန့်နိုင်ခဲ့ပေမဲ့ ပွဲပြီးခါနီး နာကျင်အချိန်ပိုရောက်မှ အနိုင်ဂိုးရခဲ့လို့ အသက်ရှူချောင်ခဲ့ရတာပါ။ ဘာစီလိုနာအသင်းက ဒီပွဲပြီးရင် El Clasico ပွဲကစားရဦးမှာဖြစ်လို့ ဒဏ်ရာရကစားသမား ထပ်မတိုးဖို့တော့လိုတယ်။ အိုလံပီယာကော့စ်အသင်းကလည်း နှစ်ပွဲကစားပြီးချိန်မှာ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနဲ့ နိုင်ပွဲမရသေးဘူး။ ဘာစီလိုနာအသင်း နိုင်ပွဲပြန်ရှာတွေ့မှာဖြစ်ပြီး နှစ်ဂိုးလောက်ပြတ်နိုင်တယ်။
◘ အာဆင်နယ် - အက်သလက်တီကို (စက်တင်ဘာ ၂၂ ရက် နံနက် ၁း၃၀ နာရီ)
အာဆင်နယ်အသင်းက ဒဏ်ရာပြဿနာတွေရှိနေပေမဲ့ အကောင်းဆုံးပုံစံနဲ့ ရှေ့ဆက်နေတယ်။ ငါးပွဲဆက် အနိုင်ရထားသလို ခံစစ်ပိုင်းကလည်း Clean Sheet လေးပွဲရတဲ့အထိ တည် ငြိမ်နေတယ်။ အက်သလက်တီကိုအသင်းကတော့ အိမ်ကွင်းနဲ့ အဝေးကွင်းစွမ်းဆောင်ရည်က တော်တော်လေးကွာခြားတယ်။ ဒီရာသီ အဝေးကွင်းငါးပွဲစလုံး နိုင်ပွဲမရသေးဘဲ သုံးပွဲသရေ၊ နှစ်ပွဲရှုံးနိမ့်ထားတယ်။ အာဆင်နယ်အသင်း နိုင်ပွဲဆက်ဖို့ရှိပြီး (၂-၁) လောက် ဖြစ်နိုင်တယ်။
◘ လေဗာကူဆင် - PSG (စက်တင်ဘာ ၂၂ ရက် နံနက် ၁း၃၀ နာရီ)
နှစ်ပွဲကစားပြီးချိန်မှာ လေဗာကူဆင်အသင်း နိုင်ပွဲမရသေးပေမဲ့ နည်းပြသစ် ဟူလ်မန်းလက်ထက်မှာတော့ ရှုံးပွဲမရှိအောင် ကစားထားနိုင်တယ်။ PSG အသင်းက ပြည်တွင်းလိဂ်မှာ နှစ်ပွဲဆက်သရေကျပြီး နိုင်ပွဲပျောက်ထားတယ်။ အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ရ နိုင်ပြီး PSG အသင်း ဂိုးမပြတ်ဘဲ အနိုင်ရဖို့ရှိတယ်။
◘ PSV - နာပိုလီ (စက်တင်ဘာ ၂၂ ရက် နံနက် ၁း၃၀ နာရီ)
နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေပွဲမှာ နာပိုလီအသင်း ရှုံးပွဲကြုံတွေ့ထားတယ်။ ဒါ့အပြင် အဝေးကွင်းသုံးပွဲဆက် ရှုံးနိမ့်ထားလို့ ဒီပွဲမှာလည်း ဆက်ပြီးရုန်းကန်ရဖို့ရှိတယ်။ PSV ကလည်း နှစ်ပွဲကစား၊ တစ်မှတ်ပဲ ရထားသေးတယ်။ ဂိုးနည်းပြီး သရေကျနိုင်တဲ့ပွဲပါ။
◘ ဆန်လွိုက်ဆီ - အင်တာမီလန် (စက်တင်ဘာ ၂၂ ရက် နံနက် ၁း၃၀ နာရီ)
အင်တာမီလန်အသင်းက တဖြည်းဖြည်းချင်း လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာပြီး နိုင်ပွဲဆက်နေတယ်။ ဆန်လွိုက်ဆီအသင်းကတော့ ပြီးခဲ့တဲ့ပွဲစဉ်မှာ နယူးကာဆယ်ကို အိမ်ကွင်းမှာပဲ ဂိုးပြတ်ရှုံးနိမ့်ထားတယ်။ အင်တာမီလန်အသင်း နှစ်ဂိုးပြတ်လောက်နဲ့ အနိုင်ရမယ်။
◘ ဗီလာရီးယဲလ် - မန်စီးတီး (စက်တင်ဘာ ၂၂ ရက် နံနက် ၁း၃၀ နာရီ)
ဟာလန်းက မန်စီးတီးကို စရောက်ချိန်ကခြေစွမ်းမျိုး ပြန်ရနေတယ်။ ဒီရာသီ ပြိုင်ပွဲစုံ ၁၀ ပွဲကစားပြီးချိန်မှာ ၁၄ ဂိုးအထိ သွင်းယူပေးထားတယ်။ ပြီးခဲ့တဲ့ပွဲစဉ်မှာ မိုနာကိုနဲ့ သရေကျထားလို့ မန်စီးတီးအသင်း နိုင်ပွဲပြန်ရဖို့ လိုအပ်နေတယ်။ ဗီလာရီးယဲလ်က ချန်ပီယံလိဂ်နှစ်ပွဲစလုံး နိုင်ပွဲမရသေးသလို လာလီဂါမှာလည်း နှစ်ပွဲဆက် သရေကျထားတယ်။ မန်စီးတီးအသင်းကို ပိုကြိုက်တယ်။ ဂိုးပြတ်ဖို့တော့ သိပ်မလွယ်ဘဲ (၁-၂) လောက် ဖြစ်နိုင်တယ်။
◘ အခြားပွဲစဉ်များ
ကိုင်ရတ် - ပါဖိုးစ်*
ကိုပင်ဟေဂင် - ဒေါ့မွန်*
*နယူးကာဆယ် - ဘင်ဖီကာ















