မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ရွန်နီက လီဗာပူးလ်အသင်းမှာ ဆွီဒင်တိုက်စစ်မှူး အီဆက်ခ် အရန်ခုံထိုင်သင့်ပြီး ပြင်သစ်တိုုက်စစ်မှူး အက်ကီတီကီသာ ပွဲထွက်ခွင့်ရသင့်တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၁၂၅)သန်းနဲ့ ခေါ်ယူခဲ့ပြီး ဖရန့်ဖတ်တိုက်စစ်မှူး အက်ကီတီကီကို ပေါင်(၆၉)သန်းနဲ့ ခေါ်ယူခဲ့တာပါ။
အက်ကီတီကီက (၄)ဂိုးသွင်းယူပေးထားပေမဲ့ အီဆက်ခ်က (၁)ဂိုးသာ သွင်းယူထားနိုင်ပြီး လက်ရှိအချိန်မှာလည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
The Wayne Rooney Show အစီအစဉ်မှာ ရွန်နီက ''သူက နယူးကာဆယ်က ရောက်လာကတည်းက အဆင်သင့်မဖြစ်ပါဘူး။ သူ လေ့ကျင့်မှုမလုပ်ခဲ့ရဘူး။ ရာသီကြိုမပြင်ဆင်ခဲ့ရဘူး။ ဒါက အရမ်းအရေးကြီးပါတယ်။ နယူးကာဆယ်အသင်း လေ့ကျင့်နေချိန်မှာ သူက အိမ်မှာထိုင်ပြီး အသင်းပြောင်းရွှေ့ဖို့ အေးဂျင့်ကို တစ်နေ့(၆)နာရီလောက်ဖုန်းပြောပြီး ကြိုးစားနေခဲ့တာပါ။ စွမ်းဆောင်ရည်အရ သူဟာ အက်ကီတီကီထက် ပွဲကစားခွင့်ရဖို့ မထိုက်တန်ပါဘူး'' လို့ ပြောကြားခဲ့ပါတယ်။
အီဆက်ခ်ဟာ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းမှာ (၆)ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့ရကြောင်းလည်း သိရပါတယ်။
အီဆက်ခ် အရန်ခုံထိုင်သင့်ပြီး အက်ကီတီကီသာ ပွဲထွက်ခွင့်ရသင့်တယ်လို့ ရွန်နီ သုံးသပ်
Most Read
Most Recent
7 min ago















