လီဗာပူးလ်ပရိသတ်တွေရဲ့ အကူအညီကြောင့် နိုင်ပွဲရခဲ့ခြင်းဖြစ်ကြောင်း ဘရူနိုဖာနန်ဒက်စ် ပြောကြား

လီဗာပူးလ်ပရိသတ်တွေရဲ့ အကူအညီကြောင့် နိုင်ပွဲရခဲ့ခြင်းဖြစ်ကြောင်း ဘရူနိုဖာနန်ဒက်စ် ပြောကြား
Photo: X
Photo: X
Published 20 October 2025

မန်ယူအသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်အသင်းကို အနိုင်ရရှိခဲ့တာဟာ လီဗာပူးလ်ပရိသတ်တွေရဲ့ အကူအညီကြောင့်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းဟာ လီဗာပူးလ်အသင်းကို အန်ဖီးလ်ကွင်းမှာ ၂၀၁၆ ဇန်နဝါရီတုန်းက နောက်ဆုံးအနိုင်ရခဲ့ပြီး ကြားကာလ ယှဉ်ပြိုင်ကစားခဲ့တဲ့ (၁၀)ပွဲမှာ အနိုင်မရခဲ့ဘဲ အခုမှ ပထမဆုံးအကြိမ် ပြန်အနိုင်ရခဲ့တာပါ။

ဘရူနိုဖာနန်ဒက်စ်က လီဗာပူးလ်ပရိသတ်တွေအနေနဲ့ သူတို့ရဲ့အသင်းကို အော်ဟစ်လှောင်ပြောင်ပြီး ဖိအားပြန်ပေးတာကြောင့် မန်ယူအသင်းအတွက် အကူအညီဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့တာပါ။

''ပထမပိုင်းမှာ သူတို့ ဖိအားအောက်ရောက်ခဲ့တယ်လို့ ကျွန်တော်တို့ နားလည်လိုက်ပါတယ်။ သူတို့ ဘောလုံးပိုင်ဆိုင်ထားချိန်မှာ ပရိသတ်တွေက မြန်မြန်ကစားဖို့ အော်ဟစ်ဖိအားပေးခဲ့တာကြောင့် သူတို့ အခက်တွေ့ခဲ့ကြပါတယ်'' လို့ ဘရူနိုဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ အဲဒီပွဲမှာ မက်ဂွိုင်းရားသွင်းယူတဲ့ အနိုင်ဂိိုးကို ဖန်တီးပေးခဲ့ပြီး ဒီရာသီမှာ ပထမဆုံးပြုလုပ်နိုင်တဲ့ ဂိုးဖန်တီးမှုဖြစ်ခဲ့ကြောင်း သိရပါတယ်။

သူက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်ယူအသင်းအတွက် ပြုလုပ်ခဲ့တဲ့ ဂိုးဖန်တီးမှု (၅၂)ကြိမ်ရှိသွားပြီဖြစ်တာကြောင့် ရိုင်ယန်ဂစ်၊ ၀ိန်းရွန်နီ၊ ဒေးဗစ်ဘက်ခမ်နဲ့ ပေါလ်စခိုးလ်တို့ရဲ့နောက် ပဥ္စမအများဆုံးဖြစ်လာကြောင်းလည်း သိရပါတယ်။

Most Read

Most Recent