ဝက်စ်ဟမ်း နှင့် ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)
ဝက်စ်ဟမ်းက နောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ တန်းဆင်းဇုန်ထဲက အသင်းဖြစ်သလို၊ ဘရန့်ဖို့ဒ်ကလည်း အဆင့်(၁၆)နေရာမှာပါ။ မန်ယူကို အနိုင်ယူခဲ့တဲ့ ဘရန့်ဖို့ဒ်ရဲ့ စွမ်းဆောင်မှုကိုတော့ အသိအမှတ်ပြုရမယ့် အနေအထားမှာ ရှိနေပါတယ်။ ဝက်စ်ဟမ်းက အိမ်ကွင်းမှာလည်း ရှုံးပွဲဆက်နေတာကြောင့် ဒီပွဲမှာလည်း အနို်င်ရဖို့ မလွယ်သေးပါဘူး။
ခရီမိုနီဆီ နှင့် အူဒီးနီးစ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)
စီးရီးအေအမှတ်ပေးဇယားမှာ အထက်အောက်ရပ်တည်နေတဲ့ အသင်းတွေဖြစ်ပြီး ခြေစွမ်းပိုင်းချင်းလည်း သိပ်မကွာကြပါဘူး။ ထိပ်တိုက်တွေ့ဆုံမှုမှာ မရှုံးနိမ့်ဖူးသေးတဲ့ အူဒီးနီးစ်အသင်းကို ရွေးချင်ပါတယ်။
အလာဗတ်စ် နှင့် ဗလင်စီယာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)
အလာဗတ်စ်က ပြီးခဲ့တဲ့ပွဲစဉ်မှာ နိုင်ပွဲပြန်ရထားပြီး ဗလင်စီယာကတော့ နောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲ ပျောက်ထားပါတယ်။ တန်းတက်အသင်းကိုတောင် အိမ်ကွင်းမှာ ရှုံးနိိမ့်ခဲ့တာကြောင့် ဗလင်စီယာရဲ့ အခြေအနေက ဆိုးရွားနေပြီး အလာဗတ်စ်ကို မနိုင်တာလည်း ကြာပါပြီ။ ဒါကြောင့် အိမ်ရှင်ကိုပဲ ကြိုက်ပါတယ်။















