တံတားဦးမြို့နယ် သစ်​တော်ဖျား(​တောင်)​ကျေးရွာတွင် ရာအိမ်မှူးတစ်ဦးကို PDF များက ဖမ်းဆီး​ခေါ်​ဆောင်

တံတားဦးမြို့နယ် သစ်​တော်ဖျား(​တောင်)​ကျေးရွာတွင် ရာအိမ်မှူးတစ်ဦးကို PDF များက ဖမ်းဆီး​ခေါ်​ဆောင်
Published 6 October 2025

မန္တ​လေးတိုင်း​ဒေသကြီး တံတားဦးမြို့နယ် သစ်​တော်ဖျား(​တောင်)​ကျေးရွာတွင် ရာအိမ်မှူးတစ်ဦးကို PDF များက ဖမ်းဆီး​ခေါ်​ဆောင်သွား​ကြောင်း သတင်းရရှိသည်။

တံတားဦးမြို့နယ်၊ သစ်တော်ဖျား(တောင်)ကျေးရွာနေ ရာအိမ်မှူး ဦးဝင်းနိုင်သည် အောက်တိုဘာ ၃ ရက် ညနေ ၄ နာရီခန့်တွင် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ကိုးဦးခန့်သည် ဆိုင်ကယ်ငါးစီးဖြင့် ရောက်ရှိလာပြီး ဦးဝင်းနိုင်အား ဖမ်းဆီးခေါ်ဆောင်ကာ နွားထိုးကြီးမြို့နယ်ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးကို ဖမ်းဆီးသွားသူများကိုဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံထားရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent