မည်သည့် လက်နက်ကိုင်အဖွဲ့က အနိုင်ရသည်ဖြစ်စေ၊ အမြဲတစေ ဆုံးရှုံးနေရသည်မှာ မြန်မာနိုင်ငံရှိ ပြည်ထောင်စုသားများ၏ အသက်အိုးအိမ်စည်းစိမ်များသာဖြစ်သဖြင့် ငြိမ်းချမ်းရေးစကားဝိုင်းဖြင့် နိုင်ငံကို ပြန်လည်တည်ဆောက် ကယ်တင်ရန် IBEC ဆရာတော်​က ​​မေတ္တာရပ်ခံ

မည်သည့် လက်နက်ကိုင်အဖွဲ့က အနိုင်ရသည်ဖြစ်စေ၊ အမြဲတစေ ဆုံးရှုံးနေရသည်မှာ မြန်မာနိုင်ငံရှိ ပြည်ထောင်စုသားများ၏ အသက်အိုးအိမ်စည်းစိမ်များသာဖြစ်သဖြင့် ငြိမ်းချမ်းရေးစကားဝိုင်းဖြင့် နိုင်ငံကို ပြန်လည်တည်ဆောက် ကယ်တင်ရန် IBEC ဆရာတော်​က ​​မေတ္တာရပ်ခံ
Published 2 October 2025

မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းက အနိုင်ရသည်ဖြစ်စေ၊ အမြဲတစေ ဆုံးရှုံးနေရသည်မှာ မြန်မာနိုင်ငံရှိ ပြည်ထောင်စုသားများ၏ အသက် အိုးအိမ်စည်းစိမ်များသာဖြစ်သဖြင့် ငြိမ်းချမ်းရေးစကားဝိုင်းဖြင့် နိုင်ငံကို ပြန်လည်တည်ဆောက် ကယ်တင်ရန်  စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော်​ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ  ဒေါက်တာ အရှင်သောဘိတက ယ​နေ့ (​​အောက်တိုဘာ ၂ ရက်)တွင် ​မေတ္တာရပ်ခံ​တောင်းဆိုခဲ့သည်။

လက်နက်ကိုင်အသီးသီး၏ စစ်ပွဲတွေအစား ငြိမ်းချမ်းရေးကိုဆွေးနွေးရန် အချိန်တန်ပြီဖြစ်ဟု  IBEC ဆရာတော်က မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

IBEC ဆရာတော်၏ မေတ္တာရပ်ခံချက်တွင်မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးစကာလမှစ၍ ယနေ့တိုင် မြန်မာနိုင်ငံသားတိုင်းရင်းသား ညီအကိုမောင်နှမများ တန်းတူညီမျှမရှိမှု ပြဿနာ၊ ပင်လုံကတိကဝတ် ပြဿနာ၊ လူမျိူးစု ပြဿနာ များအကြား အချင်းချင်းလက်နက်ကိုင်စစ်ပွဲများ အတောမသတ်ဆင်နွှဲနေခဲ့ကြသည်မှာ ယနေ့တိုင် အထိ ပြည်သူပြည်သားများ သိရှိပြီးဖြစ်​ကြောင်း ​ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာအထိ မြန်မာနိုင်ငံသားများ အချင်းချင်းလက်နက်ကိုင်တိုက်ပွဲဆင်နွှဲကြသဖြင့် မြန်မာနိုင်ငံသားလူငယ် များစွာ ‌သေကြေပျက်စီးကာ တိုင်းပြည်၏အနာဂတ်ပျက်စီးနေသည်ကို ပြည်သူပြည်သားများသိရှိပြီး ဖြစ်သကဲ့သို့ မြို့ပြ‌ကျေးရွာ နှင့် နိုင်ငံတော်၏ အခြေခံအရင်းအမြစ်များဆုံးရှုံးလျက်ရှိ​ကြောင်းနှင့် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းက အနိုင်ရသည်ဖြစ်စေ၊ အမြဲတစေ ဆုံးရှုံးနေရသည်မှာ မြန်မာနိုင်ငံတော် ကြီးနေ ပြည်ထောင်စုသားများ၏ အသက် အိုးအိမ်စည်းစိမ်များသာဖြစ်​ကြောင်း ထုတ်ပြန်ချက်တွင် IBEC ဆရာတော်က မိန့်ကြားထားသည်။

မြတ်ဗုဒ္ဓ၏ တရားတော်အရ ရန်ကိုရန်ချင်း တုံ့ပြန်နှင်းပြီး အချင်းချင်းသတ်ဖြတ်ကြပါက ဘယ်သောအခါမှ စစ်ပွဲတွေပြီးဆုံးမည်မဟုတ်​သဖြင့်  မြန်မာ့လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးဖြစ်ကြသည့် မြန်မာ့တပ်မတော်၊ KIA၊ AA၊ KNU၊ MNDAA၊ TNLA၊ UWSA၊ PDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အသီးသီး အနေဖြင့် စစ်ပွဲများနှင့် အချင်းချင်းသတ်ဖြတ်မှုကို ရပ်တန့်ကာ ငြိမ်းချမ်းရေးစကားဝိုင်းဖြင့် အမိမြန်မာနိုင်ငံကို ပြန်လည်တည်ဆောက် ကယ်တင်ရန် တောင်းဆို​ကြောင်း IBEC ဆရာတော်၏ ထုတ်ပြန်ချက်တွင်​ဖော်ပြပါရှိသည်။

Most Read

Most Recent