ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၇) သင်တန်းဖွင့်ပွဲများ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ သင်တန်းကျောင်းများတွင် ပြုလုပ်

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၇) သင်တန်းဖွင့်ပွဲများ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ သင်တန်းကျောင်းများတွင် ပြုလုပ်
Published 15 September 2025

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၇) သင်တန်းဖွင့်ပွဲများကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိ သင်တန်းကျောင်းများတွင် စက်တင်ဘာ ၁၅ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကျောင်းအသီးသီး၌ စက်တင်ဘာ ၁၅  နံနက်ပိုင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၇) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြပြီး သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၇) မှ သင်တန်းသား များအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းအမှတ်စဉ် (၂) ကို မေ ၁၄ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၃) ကို ဇွန် ၂၅ ရက်တွင် လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၄) ကို သြဂုတ် ၅ ရက်တွင်လည်းကောင်း၊ သင်တန်း အမှတ်စဉ် (၅) ကို စက်တင်ဘာ ၉ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၆) ကို အောက်တိုဘာ ၂၁ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၇) ကို နိုဝင်ဘာ ၂၆ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၈) ကို ဒီဇင်ဘာ ၂၃ ရက်တွင်လည်းကောင်း အသီးသီးဖွင့်လှစ်ခဲ့သည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၉) ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၁၀) ကို ဖေဖော်ဝါရီ ၁၀ ရက်တွင်လည်း ကောင်း၊ သင်တန်းအမှတ်စဉ် (၁၁) ကို မတ် ၁၇ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၁၂) ကို ဧပြီ ၂၂ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၁၃) ကို မေ ၁၉ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၁၄) ကို ဇွန် ၁၆ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၁၅) ကို ဇူလိုင် ၁၅ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၁၆) ကို သြဂုတ် ၁၈ ရက်တွင်လည်းကောင်း အသီးသီးဖွင့်လှစ်ခဲ့သည်။

လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) မှ အမှတ်စဉ် (၁၄) အထိ သင်တန်းတက်ရောက်ပြီးသူများ သင်တန်းပြီးဆုံး ၍ သင်တန်းဆင်းကာ  တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရသည်။

သင်တန်းအမှတ်စဉ်တစ်ခုလျှင် သင်တန်းသားဦးရေ ၅၀၀၀ ခန့် ခေါ်ယူမည်ဟု ယခင် နစက၏ ထုတ်ပြန်ပြောဆိုမှုအရ သိရသည်။

Most Read

Most Recent