■ မဲဆောက်မြို့တွင် မြန်မာနိုင်ငံသားနေထိုင်သည့် နေအိမ်တစ်လုံး၌ လက်နက်ခဲယမ်းမီးကျောက်များ ဖမ်းဆီးရမိ

■ မဲဆောက်မြို့တွင် မြန်မာနိုင်ငံသားနေထိုင်သည့် နေအိမ်တစ်လုံး၌ လက်နက်ခဲယမ်းမီးကျောက်များ ဖမ်းဆီးရမိ
Published 11 September 2025

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသားနှစ်ဦး နေထိုင်သည့် နေအိမ်တစ်လုံးအား စက်တင်ဘာ ၁၀ ရက်က ရဲတပ်ဖွဲ့နှင့်သက်ဆိုင်ရာဒေသတာဝန်ရှိသူများ စစ်ဆေးရာ လက်နက်များ၊ လက်ပစ်ဗုံးများနှင့် ခဲယမ်းမီးကျောက် အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသော သတင်းများအရ သိရသည်။

တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် ရဲစခန်းမှူး ရဲမှူးကြီး Rang Daowadueng နှင့် တာ့ခ်ခရိုင် မဲဆောက်မြို့မ ရဲစခန်းမှ ရဲမှူးကြီး ရာဂျမနူ Task Force (Rajmanu Task Force) တို့မှ တပ်ဖွဲ့ဝင်များ နှင့် ခြေလျင်တပ် အကြီးစား တပ်ခွဲမှ ကိုယ်စားပြု တပ်ဖွဲ့ဝင်များ၊ မဲဆောက်မြို့နယ် စုံစမ်းရေး တပ်ဖွဲ့မှ အရာရှိများ၊ လှည့်ကင်း အရာရှိများနှင့် ဒေသန္တရ အစိုးရ အရာရှိများ ပူးပေါင်း၍ မဲဆောက်မြို့ရှိ Ban Rumeng နေအိမ်အားစစ်ဆေးခဲ့ သည်။

အဆိုပါနေအိမ်၌ တွေ့ရှိသူနှစ်ဦးမှာ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား စိုင်းနော် အသက် ၃၆ နှစ်နှင့် အထောက်အထားစာရွက်စာတမ်းမရှိသော မြန်မာနိုင်ငံသား အသက် ၄၀ နှစ်အရွယ် မချိုတို့ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းနေအိမ်အား  ရှာဖွေရာတွင် တရားမဝင်ပစ္စည်းများ အများအပြား တွေ့ရှိခဲ့ရာ  Mk2 လက်ပစ်ဗုံး တစ်လုံး၊ 2.22 caliber ပစ္စတို (လက်ကိုင်သေနတ်၊ ပြုပြင်ထားသော 22 caliber ပစ္စတိုတစ်လက်၊ ထိုင်းလုပ် သေနတ်တစ်လက်၊ သေနတ်တစ်လက်၊ 11 .38 caliber ကျည်ဆံ၊ .22 caliber ကျည်ခုနစ်တောင့်၊ 8. 5.56 caliber ကျည်ဆန်တစ်တောင့်တို့ကို မဲဆောက်မြို့နယ်ရဲတပ်ဖွဲ့၊ ရာဂျာမန်နူ တပ်မတော်နှင့် နယ်မြေခံအစိုးရ တာဝန်ရှိသူများ ပူးပေါင်းစုံစမ်းဖော်ထုတ်ဖမ်းဆီးခဲ့ရာ သေနတ်များ၊ လက်ပစ်ဗုံးများနှင့် ကျည်ဆန်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်နက်ခဲယမ်းများ လက်ဝယ်တွေ့ရှိသူ မြန်မာနိုင်ငံသားနှစ်ဦးအား မဲဆောက်ရဲစခန်းမှ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent