မြေသြဇာစျေးတက်ပြီး အလွယ်တကူဝယ်မရသဖြင့် တောင်သူများ မြေသြဇာသုံးစွဲမှုကို လျှော့ချနေရသည်ဟု WFP ကထုတ်ပြန်သည်။
မြေသြဇာများစျေးတက်ပြီး အလွယ်တကူ ဝယ်မရသဖြင့် တောင်သူများက မြေသြဇာသုံးစွဲမှုကို လျှော့ချနေရကြောင်း၊ စပါးစိုက်ပျိုးရာတွင် မြေသြဇာသုံးစွဲမှု ၅၀ ရာခိုင်နှုန်းလောက်အထိ လျော့နည်းသွားမယ်ဆိုပါက အထွက်နှုန်းလည်း ၁၀ ကနေ ၁၅ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားနိုင်ကြောင်း WFP က ခန့်မှန်းသည်။
" ဒါဆိုရင် ဆန်စျေးတွေ ပိုတက်လာပြီး နိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံမှုအတွက် ပိုစိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။ ဒီအကြပ်အတည်းဟာ စိုက်ပျိုးရေးကဏ္ဍတစ်ခုတည်းတင် မဟုတ်ဘဲ လူတိုင်းအပေါ် သက်ရောက်မှုရှိနေပါတယ်" ဟု WFP က ပြောကြား သည်။
စိုက်ပျိုးရေးသည် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာစနစ်အတွက် အသက်သွေးကြောဖြစ်ပြီး တောင်သူများအခက်တွေ့ပါက တစ်နိုင်ငံလုံးအတိုင်းအတာနှင့်အကျိုးဆက်ကို ခံစားရမှာဖြစ်သည်ဟု WFP က ထုတ်ပြန်သည်။















