ထိုင်းနိုင်ငံ၊ ရနှောင်းမြို့မှ မြန်မာနိုင်ငံ၊ ကော့သောင်း- ရန်ကုန်ရေလမ်းကြောင်းကုန်သွယ်မှုတွင် ကော့သောင်း Check Point တွင်အစစ်ဆေးခံပြီး သွင်းကုန်လိုင်စင်ခွင့်ပြုပေးထားကြောင်း သိရသည်။
ရနောင်း-ကော့သောင်း-ရန်ကုန် နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းဖြင့် ကုန်ပစ္စည်းတင်သွင်းသူ သင်္ဘောပိုင်ရှင်များနှင့်ကုန်ပစ္စည်းပိုင်ရှင်များအနေနဲ့ သွင်းကုန်လိုင်စင်နှင့်တရားဝင်ကုန်သွယ်မှုဆောင်ရွက်ရာ၌ ကော့သောင်းရှိ Check Point များတွင် ဝင်ရောက် စစ်ဆေးခံရန် လိုအပ်မည်ဖြစ်ကြောင်း ညွန်ကြားချက်ထုတ်ပြန်ထားသည်။
" လောလော ဆယ်ကော့သောင်းရေပြင်မှာ ကုန်သင်္ဘောတွအများကြီးရှိနေတယ်၊ အစီး ၄၀ လောက်စောင့်ဆိုင်းနေကြတယ်၊ သြဂုတ်လ ၂၁ ရက်နေ့ကတည်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ချုပ် ဦးမြင့်သူရ၊ဦးဝင်းလွင်(ဒုညွှန်ချုပ်)၊ ဦးနေလင်းအောင်(ညွှန်ကြားရေးမှူး)၊ ဦးအောင်ကျော်မိုး(တိုင်းညွှန်ကြားရေးမှူး)တို့ ကော့သောင်းရောက်နေတယ်၊ကွင်းဆင်းဆောင်ရွက်တာ၊ စီးပွားရေးလုပ်ငန်းတွေစစ်ဆေးဆောင်ရွက်တာတွေလုပ်ဆောင်နေပါတယ်၊ ရနှောင်း-ကော့သောင်း-ရန်ကုန်တိုက်ရိုက်ကုန် လှေတွေကတော့ကော့သောင်းမှာအစစ်ဆေးခံပြီးမှ ထွက်ခွာခွင့်ရပါတယ်" လို့ ကော့သောင်းဒေသခံတစ်ဦးက ပြောကြားသည်။
နယ်စပ်ကုန်သွယ်ရေးမှသွင်း ကုန်တင်သွင်းသူများကို ပို့ကုန်ရငွေ (Export Earning)ရှိလျှင်သွင်းကုန်လိုင်စင်ခွင့်ပြုပေးထားကြောင်းသိရသည်၊ကုန်ပစ္စည်းများတင်သွင်းလိုသူ များအနေဖြင့်သွင်းကုန်လိုင်စင်များအတွက် တင်သွင်းလိုသည့်ကုန်ပစ္စည်းအားလုံးအတွက်သွင်းကုန်လိုင်စင်လျှောက်ထားရမည်ဖြစ်ကြောင်းသိရသည်။
" ရနှောင်း-မြိတ်-ရန်ကုန် နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းကကုန်စည်တွေကို မြိတ်မှာဝင်ပြီးအစစ်ဆေးခံရတယ်မြိတ်မှာချိတ်ပိတ်ပြီးရန်ကုန်အဝင်မှာချိတ်ဖွင့်အစစ်ဆေးခံရပါတယ်"လို့ လုပ်ငန်းရှင်တစ်ဦးကပြောကြားခဲ့သည်။ သွင်းကုန်လိုင်စင်ခွင့်ပြုပေးခြင်း မှာသွင်းကုန်တင်သွင်းသူများ၏ပို့ကုန်ရငွေကိုအလွယ်တကူလွှဲပြောင်းသုံးစွဲနိုင်သည့်အတွက် နိုင်ငံခြားငွေတရားမဝင်ဝယ်ယူရန်မလိုအပ်ခြင်း၊နိုင်ငံခြား ငွေကြေးလဲလှယ်နှုန်းများတည်ငြိမ်ခြင်းများမျှော် မှန်းထားကာကုန်သွယ်မှုပိုမိုတိုးတက်လာရန်နှင့် ကုန် ဈေးနှုန်းများတည်ငြိမ်ကျဆင်းရန်ရည်ရွယ်ခြင်းဖြစ် ကြောင်းသိရသည်။
လက်ရှိအနေထားအရ ရနောင်း- ကော့သောင်း-ရန်ကုန်နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းနှင့်ရနှောင်း-မြိတ်-ရန်ကုန်ကုန်သွယ်ရေးလမ်းကြောင်းမှာ မြဝတီလမ်းကြောင်းထက် ကုန်ကျ စရိတ်သက်သာပြီးလုံခြုံစွာသွားလာနိုင်တဲ့ လမ်းကြောင်းတစ်ခုဖြစ်ကြောင်း သိရသည်။















