ယူကရိန်းစစ်ပွဲတွင် ရုရှားဘက်မှ ကူညီတိုက်ခိုက်ပေးနေသည့် မြောက်ကိုရီးယားစစ်သားများကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ချီုးမွမ်း

ယူကရိန်းစစ်ပွဲတွင် ရုရှားဘက်မှ ကူညီတိုက်ခိုက်ပေးနေသည့် မြောက်ကိုရီးယားစစ်သားများကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ချီုးမွမ်း
Published 21 August 2025

ယူကရိန်းစစ်ပွဲတွင် ရုရှားဘက်မှ ကူညီတိုက်ခိုက်ပေးနေသည့် မြောက်ကိုရီးယား စစ်သားများကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က  ချီးမွမ်းခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သြဂုတ် ၂၁ ရက်တွင် ဖော်ပြခဲ့ သည်။

ကင်သည် စစ်ဘက်တပ်မှူးများနှင့်ပြုလုပ်သည့် အစည်းအဝေးအတွင်း ထိုကဲ့သို့ ချီးမွမ်းခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ကင်သည် ရုရှား၏ ကာ့စ်ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် စစ်သားများနှင့် အရာရှိများကို အားပေးစကားပြောကြားခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် ရုရှားနိုင်ငံသို့ စစ်သား ၁၀၀၀၀ ကျော်စေလွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီများက ပြောကြားခဲ့သည်။

“ကျွန်တော်တို့မှာ ရဲစွမ်းသတ္တိရှိတဲ့ စစ်တပ်ရှိပါတယ်။ကျွန်တော်တို့စစ်တပ်က လုပ်စရာရှိတာတွေကို ဆက်လုပ်နေပါတယ်။ အနာဂတ်မှာလည်း ဒီအတိုင်းဆက်လုပ်သွားမှာပါ”ဟု ကင်က ပြုံယမ်းမြို့တော်တွင် စစ် သားများနှင့်တွေ့ဆုံချိန်၌  မိန့်ခွန်းပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ယူကရိန်းစစ်ပွဲတွင် ရုရှားဘက်မှ ဝင်ရောက်တိုက်ခိုက်ပေးနေသည့် မြောက်ကိုရီးယားစစ်သားများကို သူရဲကောင်းများအဖြစ် ချီးကျူးရေးသားထားသည့် စာတစ်စောင်ကိုကင်ကို ပေးပို့ခဲ့ပြီးနောက် ကင်က ၎င်း၏ စစ်သားများကို ချီးမွမ်းခဲ့ခြင်း ဖြစ်သည်။

ဂျပန်လက်အောက်မှ ကိုရီးယားကျွန်းဆွယ် လွတ်မြောက်ခဲ့သည့် နှစ်ပတ်လည်နေ့ ဖြစ်သည့် သြဂုတ် ၁၅ ရက်တွင် ပူတင်က ဆိုဗီယက်တပ်နီတော်နှင့် မြောက်ကိုရီးယားစစ်သားများသည် ဂျပန်၏ ကိုလိုနီအုပ်ချုပ်မှုကို  အဆုံးသတ်ရန် အတူတကွဲ ပူးပေါင်းတိုက်ခိုက်ခဲ့ပုံများကို ထိုပေးစာထဲတွင် ရေးသားခဲ့သည်ဟု ဆိုသည်။

နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာခင်မင်ရင်းနှီးမှု၊ ချစ်ကြည်ရေးနှင့် အပြန်အလှန်ကူညီထောက်ပံ့မှုများ၏ သံယောဇဉ်များသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကစပြီး ယနေ့အထိ တည်တံ့ခိုင်မြဲနေကြောင်း ပူတင်က ထိုစာထဲ တွင်ရေးသားခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။

ထိုအချက်ကို ယူကရိန်းတို့ သိမ်းပိုက်ရန် ကြိုးစားနေသည့် ရုရှား၏ ကာ့စ်ဒေသ၏ နယ်နိမိတ်များ လွတ်မြောက်စေရန် ပါဝင်တိုက်ခိုက်ပေးနေသည့် မြောက်ကိုရီးယားစစ်သားများ၏ ရဲရင့်သည့် စစ်ကူပေးမှုက အပြည့်အဝ သက်သေပြရာ ရောက်နေသည်ဟုလည်း ထိုပေးစားထဲတွင် ရေးသားခဲ့သည်ဟု KCNA က ထုတ်ပြန်ခဲ့သည်။

ရုရှားပြည်သူများကလည်း မြောက်ကိုရီးယားစစ်သားများ၏ ရဲစွမ်းသတ္တိနှင့် ကိုယ်ကျိုးစွန့် အနစ်နာခံမှုများကို ထာဝရမှတ်မိနေလိမ့်မည်ဟုလည်း ပူတင်ကရေးသားခဲ့သည်ဟု ဆိုသည်။

ထို့ပြင် နှစ်နိုင်ငံစလုံးသည် မိမိတို့၏ အချုပ်အခြာအာဏာကို ထိရောက်စွာနှင့် ပူးပေါင်းကာကွယ်မှုမကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဝင်ရိုးစုံကမ္ဘာအခင်းအးကျင်းကို ထူထောင်မှုတွင် တက်ကြွစွာ ဆောင်ရွက်သွားမည်ဟုလည်း ပူတင်က ရေးသားခဲ့သည် ဟုဆိုသည်။

ရုရှားနှင့် မြောက်ကိုရီးယားသည် ပြီးခဲ့သည့် နှစ်က ပူတင်၏ မြောက်ကိုရီးယားခရီးစဉ်အတွင်း အပြန်အလှန်ကာကွယ်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့မှုနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနီးကပ်စေရန်  မြှင့်တင်ခဲ့ကြသည်။                      

Ref:

Most Read

Most Recent