မူအာနီကို အငှားနဲ့ထပ်ခေါ်ပြီး ရာသီကုန်မှာ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ ဂျူဗင်တပ်စ် သဘောတူညီမှုရရှိ

မူအာနီကို အငှားနဲ့ထပ်ခေါ်ပြီး ရာသီကုန်မှာ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ ဂျူဗင်တပ်စ် သဘောတူညီမှုရရှိ
Photo: X
Photo: X
Published 15 August 2025

ဂျူဗင်တပ်စ်အသင်းဟာ PSG အသင်းက ပြင်သစ်တိုက်စစ်မှူး မူအာနီကို တစ်ရာသီအငှားစာချုပ်နဲ့ ထပ်မံခေါ်ယူပြီး ရာသီကုန်ချိန်မှာ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ မူအာနီကို ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ရာသီဝက်အငှားနဲ့ ခေါ်ယူခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အပြီးသတ်ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

မူအာနီ(၂၆ နှစ်)ဟာ ၂၀၂၃ နွေရာသီမှာ ဖရန့်ဖတ်ကနေ PSG ကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့ပေမဲ့ အသင်းမှာ ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် PSG အသင်းက ပြန်ရောင်းထုတ်ဖို့ စီစဉ်ခဲ့တာပါ။

ဂျူဗင်တပ်စ်အသင်းက မူအာနီကို တစ်ရာသီအငှားခေါ်ယူမှုအတွက် ယူရို(၁၀)သန်း ပေးချေရမှာဖြစ်ပြီး ရာသီကုန်ရင် ယူရို(၄၅)သန်းနဲ့ ခေါ်ယူနိုင်မယ်လို့ သိရပါတယ်။

ရာသီသစ် စီးရီးအေပြိုင်ပွဲကို လာမယ့်တစ်ပတ်မှ စတင်မှာဖြစ်တာကြောင့် မူအာနီဟာ အဖွင့်ပွဲမှာကတည်းက ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။

 

Most Read

Most Recent