အာဆင်နယ်နဲ့ ယိုကယ်ရက်စ်က ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှု ဖြစ်သင့်တယ်လို့ အွန်နရီ သုံးသပ်

အာဆင်နယ်နဲ့ ယိုကယ်ရက်စ်က ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှု ဖြစ်သင့်တယ်လို့ အွန်နရီ သုံးသပ်
Photo: X
Photo: X
Published 15 August 2025

အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူး အွန်နရီက အာဆင်နယ်အသင်းနဲ့ တိုက်စစ်မှူးသစ် ယိုကယ်ရက်စ်တို့ဟာ ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုဖြစ်သင့်တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ထိပ်တန်းတိုက်စစ်မှူး ပိုင်ဆိုင်ခြင်းမရှိတာကြောင့် ဆုဖလားအောင်ပွဲတွေနဲ့ အလှမ်းဝေးနေတာဖြစ်ကြောင်း ဝေဖန်ထောက်ပြမှုတွေ ရှိခဲ့ပြီး ဒီနွေမှာတော့ ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ်ကို ခေါ်ယူနိုင်ခဲ့တာပါ။

ယိုကယ်ရက်စ်(၂၇ နှစ်)ဟာ စပို့တင်းလစ္စဘွန်းအသင်းမှာ (၁၀၂)ပွဲကစားရာမှာ (၉၇)ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့သူဖြစ်ပြီး အဲဒီမတိုုင်ခင်က လိဂ်ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီအသင်းမှာလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

''သူက အင်္ဂလန်မှာ ကစားဖူးတဲ့သူပါ။ ဒါကို မမေ့ပါနဲ့။ သူ ကိုဗင်ထရီမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဘရိုက်တန်မှာတော့ မလုပ်နို်င်ခဲ့ပါဘူး။ ဒါကြောင့် အင်္ဂလန်မှာ ဘယ်လိုရုန်းကန်ရတယ်ဆိုတာ သိထားတဲ့သူကို ခင်ဗျားတို့ မြင်တွေ့ရမှာပါ။ သူက ယုံကြည်မှုတော့ ပိုရှိလာပါတယ်။ ဂိုးဧရိယာထဲမှာ အကောင်းဆုံးအဆုံးသတ်သမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ကိန်းဂဏန်းတွေက မလိမ်တတ်ပါဘူး။ ခင်ဗျားတို့မှာ အခွင့်အရေးတွေအများကြီး ဖန်တီးနိုင်တဲ့ အသင်းတစ်သင်းလည်း ရှိနေပါတယ်။ ဒါကြောင့် ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှု ဖြစ်သင့်ပါတယ်။ ဘာမှ စွမ်းဆောင်မပြရသေးခင် အကဲဖြတ်တာကတော့ မမျှတရာကျပါတယ်။ အဲဒါက မလိုအပ်တဲ့ဖိအားတွေလည်း ဖြစ်စေပါတယ်'' လို့ အွန်နရီက ပြောကြားခဲ့ပါတယ်။

ယိုကယ်ရက်စ်ဟာ ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုအတွက် ရေပန်းစားမှုမှာ ဟာလန်းရဲ့နောက် ဒုတိယနေရာမှာ ဆာလာနဲ့အတူ ပူးတွဲရပ်တည်နေပါတယ်။

Most Read

Most Recent