■ ဆော်ဒီနိုင်ငံတွင် ပြုလုပ်သည့် PUBG ESports ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဆုကို မြန်မာနိုင်ငံမှ Yangon Galacticos အသင်းရရှိ

■ ဆော်ဒီနိုင်ငံတွင် ပြုလုပ်သည့် PUBG ESports ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဆုကို မြန်မာနိုင်ငံမှ Yangon Galacticos အသင်းရရှိ
Published 4 August 2025

ဆော်ဒီနိုင်ငံတွင် ပြုလုပ်သည့် PUBG ESports ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဆုကို မြန်မာနိုင်ငံမှ YG အသင်းရရှိကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံပေါင်း ၂၄ နိုင်ငံမှ  E Sportsအသင်း ၂၄ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် Yangon Galacticos အသင်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကမ္ဘာ့ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံနဲ့ မိုင်ပေါင်း (၄,၀၀၀) ကျော်အကွာအဝေး၊ ဆော်ဒီနိုင်ငံ Riyadh မြို့မှာကျင်းပတဲ့ PMWC 2025 ပြိုင်ပွဲမှာတော့ ကျွန်တော်တို့ YG PUBGM အသင်းအနေနဲ့ ကမ္ဘာ့စင်မြင့်ပေါ်မှာ  PMWC 2025 ပြိုင်ပွဲရဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ထိုက်ထိုက်တန်တန် အကောင်းဆုံးဆွတ်ခူးနိုင်ခဲ့ပါပြီ။ ဒီချန်ပီယံဆုဟာ ကျွန်တော်တို့ YG PUBGM အသင်းအနေနဲ့ ပထမဆုံး World cup ဆုကို ရယူနိုင်ခဲ့တဲ့ မြန်မာ့သမိုင်းရဲ့ မြန်မာနိုင်ငံရဲ့ တစ်သင်းတည်းသောအသင်းအဖြစ် မှတ်တိုင်အသစ်ကိုရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ PMWC 2025 ခရီးစဉ်တစ်လျှောက်လုံး ကျွန်တော်တို့ YG PUBGM အသင်းကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်းဖော်ပြဖို့ စာလုံးတွေလောက်ငှမနေပါဘူး” ဟု YangonGalacticos က ဖော်ပြသည်။

အဆိုပါ ပြိုင်ပွဲတွင် Grand Final အဖြစ် သြဂုတ် ၁ ရက်မှ ၃ ရက်အထိ ပြုလုပ်ခဲ့ပြီး Yangon Galacticos အသင်းက ကမ္ဘာ့အဆင့် ၁ ချန်ပီယံဖြစ်ခဲ့ကာ ဆုကြေးအဖြစ် ဒေါ်လာ  ၅၄ရဝဝဝကို ရရှိခဲ့သည်။

ဒုတိယအဖြစ် တရုတ်နိုင်ငံကိုယ်စားပြု Weibo Gaming Esports အသင်းကရရှိခဲ့ကာ ဆုကြေး ဒေါ်လာ ၃၂၃၅၀၀၊ တတိယအဖြစ် မွန်ဂိုလီးယားနိုင်ငံမှ Alpha Gaming အသင်းက ရရှိကာ ဒေါ်လာ ၂၂၂၀၀၀ ရရှိခဲ့သည်။

Yangon Galacticos အသင်းတွင် ပြိုင်ပွဲဝင်များအဖြစ် Marnett(Soung Wai Phyo)၊ Romeo(Khant Zaw Hein)၊  SAYCLOUD(Kaung Khant Aung)၊ Smile(Swan Wint Maung) တို့ ပါဝင်ခဲ့ပြီး ပြိုင်ပွဲတွင် ရမှတ်ပေါင်း ၁၅၇ မှတ်ဖြင့် ပထမနေရာ ရရှိခဲ့ခြင်းဖြစ်သည်။



 

Most Read

Most Recent